ပိုက်ဆံအိတ်လုပြေးသည့် ဆိုင်ကယ်သမားနှစ်ဦး ဘေးတွဲကိုဝင်တိုက်ကာ…

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် KBZ bank ရှေ့၌ ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်လုပြီးပြေးလာသည့်

လူငယ်နှစ်ဦးသည် ဘေးတွဲကိုဝင်တိုက်မိကာ ၎င်းတို့ဆိုင်ကယ်မှောက်ပြီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် ရွှေပြည်သာမြို့နယ် ၅/၄ ရပ်ကွက်၊ ကံ့ ကော်လမ်း၊ ကံကော်ပန်းခြံအနီး KBZ ဘဏ်အရှေ့၌

ပိုက်ဆံအိပ်လုပြေးလာ သည့် ဆိုင်ကယ်တစ်စီးသည် ဘေးတွဲဆိုင်ကယ်ကို ဝင်ရောက်တိုက်မိကာ တိမ်း မှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

”သူတို့က ကမ္ဘောဇဘဏ် ဘေးလမ်းကြားက ပိုက်ဆံအိတ်ကိုလုပြေးလာပြီး တော့ သူတို့က လမ်းမပေါ်ကို ဆိုင်ကယ်နဲ့ အရှိန်တင်မောင်းပြီးတက်တာ၊

တက် တဲ့အချိန်မှာ လမ်းမကလာတဲ့ ဘေးတွဲဆိုင်ကယ်ကယ်ရီသမားနဲ့ သူတို့တိုက်မိ တာ၊ တိုက်မိတော့ ရပ်ကွက်ကဝိုင်းဖမ်းထားတာ” ဟု မြောက်ဥက္ကလာပမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ခေတ်သို့ပြောသည်။

အဆိုပါလုယက်သူ လူငယ်နှစ်ဦးမှာ အသက် ၁၇ နှစ်ဝန်းကျင်သာရှိကြောင်း သိ ရပြီး ဆိုင်ကယ်တိမ်းမှောက်မှု​ကြောင့် တစ်ဦးမှာမေးစေ့ကွဲဒဏ်ရာရရှိခဲ့ပြီး

ကျန် တစ်ဦးမှာ မျက်ခုံးကွဲဒဏ်ရာနှင့် ဒူးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါလူငယ်နှစ်ဦးကို သက်ဆိုင်ရာမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ သည်။

ထက်ပိုင်
ဓာတ်ပုံ-မြောက်ဥက္ကလာပမြို့နယ်အရန်မီးသတ်တပ်ဖွဲ့
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *