အမျိုးသမီး တစ်ဦးကို လူသွားလူလာ များရာ လမ်းလယ်၌ ဒလန်ဟု ပြောကာ လ က်န က်ကိုင် အဖွဲ့တစ်ခုက ပ…

သတိပေးချက် ယခုသတင်း၌ စိတ်မချမ်းမြေ့ဖွယ်ရာ အကြောင်းအရာများ ပါဝင်ပါသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃
လူသွား လူလာများရာ လမ်းမတစ်ခု၌ ဖမ်းဆီးထားသည့် အမျိုးသမီးတစ်ဦးအား လက်နက်ကိုင် အဖွဲ့တစ်ခုက ဒလန်ဟု ပြောကာ ေေေသေ န တ်ဖြင့် ပ စ် သ တ်ခဲ့သည့် ဖြစ်စဥ်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တစ်ခု ယနေ့ လူမှုကွန်ယက်များ၌ ပျံနှံ့နေခဲ့သည်။
အဆိုပါ ဗီဒီယိုဖိုင်ထဲတွင် လက်နက်ကိုင်ထားသည့် အမျိုးသမီးများပါ အဖွဲ့တစ်ခုက အသက်သုံးဆယ်ဝန်းကျင် အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားပြီး ဒလန်၊ ပျူစောထီး၊ ငွေမက်သူ အစရှိသဖြင့် ပြောနေခဲ့သည်။
ထို့ပြင် အဆိုပါ အမျိုးသမီးအားလည်း ဒလန်၊ ပျူစောထီး ဖြစ်ကြောင်း လက်နက်ကိုင်များက အတင်းအကြပ် ဝန်ခံခိုင်းနေခဲ့ပြီး ဖမ်းဆီးခံ အမျိုးသမီးမှာမူ သူ(မ) မဟုတ်ကြောင်း ငြင်းဆန် နေခဲ့သည်။
ထို့နောက်တွင် အဆိုပါ အမျိုးသမီးအား လက်နက်ကိုင် တစ်ဦးက ဒူးထောက် လက်မြှောက် ထိုင်ခိုင်းလျက် ေေေသေ န တ်ဖြင့် နောက်ကျောမှ တစ်ချက် ပ စ်ခတ်ခဲ့ပြီး အမျိုးသမီးလဲကျသွားချိန်တွင် အခြား လက်နက်ကိုင် တစ်ဦးက ဦးခေါင်းသို့ ေေေသေ န တ်ဖြင့် သုံးချက် ထပ်မံ ပ စ်ခ တ်ခဲ့သည်ကို တွေ့ရသည်။
အဆိုပါ ဖြစ်စဥ်မှာ တမူးမြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ေေေသေ သူ အမျိုးသမီးမှာ အသက် ၂၄ နှစ်အရွယ်ရှိ Non CDM ကျောင်းဆရာမတစ်ဦး ဖြစ်ကြောင်း တမူးမြို့ရှိ ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။
အဆိုပါ ကျောင်းဆရာမသည် ဇွန်လက တမူးမြို့ မြို့ရှောင်လမ်းဘက်သို့ အလုပ်ကိစ္စဖြင့် သွားရောက်စဥ် ဖ မ်းဆီး ခံရခြင်းဟု ၄င်းတို့က ဆိုသည်။
ယခုဖြစ်စဥ်သည် မည်သည့် နေ့ရက်က ဖြစ်ပွားခဲ့ခြင်း ဆိုသည်ကိုမူ သိရခြင်း မရှိသေးပေ။
ယခု ပျံနှံ့နေသည့် ဗီဒီယိုဖိုင်ထဲတွင် ဖမ်းဆီးထားသည့် အမျိုးသမီးကို ေေေသေ န တ်ဖြင့် အကြိမ်ကြိမ် ပ စ်သ တ်ခဲ့သည့် လက်နက်ကိုင်များမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့များ ဝတ်ဆင်လေ့ရှိသည့် စစ်ယူနီဖောင်းများ ဝတ်ဆင်ထားသည်ကို တွေ့ရသည်။
အဆိုပါ ဗီဒီယိုဖိုင်နှင့် ပတ်ပြီး မည်သည့် နေရာတွင် မည်သည့် အဖွဲ့က ယခုကဲ့သို့ ပြုမူခဲ့သည်ကို
ယနေ့ခေတ် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိ
ပါ။
ယနေ့ခေတ် သတင်းအဖွဲ့