၆ ဘီးကားက ၁၂ ဘီးကားကို နောက်ကနေ အရှိန်မထိမ်းနိုင်ဘဲ ဝင်တို က်မိရာ…

မဲခေါင်၊ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီ ရေပူဂိတ်အနီးမှာ ဒီနေ့ နိုဝင်ဘာ ၁၇ ရက်၊ မနက် အစောပိုင်းက
ယာဉ်တိုက်မှု ဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးခဲ့တယ်လို့ သိန္နီမြို့ အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
သိန္နီမြို့၊ ချောင်းဆာကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီးမှာ ၆ ဘီးကားက ၁၂ ဘီးကားကို နောက်ကနေ
အရှိန်မထိမ်းနိုင်ဘဲ ဝင်တိုက်မိရာ ၆ ဘီးကားပေါ်မှာ ပါလာတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
၆ ဘီးကားပေါ်မှာ လိုက်ပါစီးနင်းလာသူ ၂ ဦးသေဆုံးခဲ့သလို ကျန်တစ်ဦး မေးစေ့ကွဲပြီးတော့ ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ တစ်ဦးကို သိန္နီပြည်သူ့ဆေးရုံကို အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကလည်း သိန္နီမြို့-ကွမ်းလုံလမ်း နားအုံကျေးရွာနားမှာ ကားနဲ့ ဆိုင်ကယ်ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဆိုင်ကယ် မောင်းနှင်လာတဲ့သူ သေဆုံးသွားခဲ့ပါတယ်။
MK-007
#MeKongNews
Zawgyi version