ယာဉ်နောက်လိုက်ဟန်ဆောင်၍ ခရီးသည်ထံမှ ငွေလိမ်လည်တောင်းခံမှုဖြစ်ပွား

အမှုဖြစ်စဉ်မှာ ၆.၁၂.၂၀၂၂ရက်နံနက်၈နာရီခွဲအချိန်ခန့်ကမရင်းကျေးရွာနေထိုင်သူ သားအဖ ၂ ဦးသည် ပဲခူးမြို့မှ မရင်းကျေးရွာသို့အပြန် -ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက် ကားလမ်းမကြီးနဘေးရှိဟာဒယ/ကောက်းကြိုက်ဒန်ပေါက်ဆိုင်အရှေ့ရှိ ပဲခူးတိုင်းဒေသကြီး၊

ပဲခူးမြို့မှကျိုက်ထိုမြို့ဘက်သို့ပြေးဆွဲပေးလျက်ရှိသော”ဟိုင်းလက်”ခရီးသည်တင်ယာဉ်ဂိတ်တွင် မရင်းကျေးရွာသို့ပြန်ရန် ယာဉ်ပေါ်တက်၍ စောင့်ဆိုင်းနေချိန် -အမည်မသိ ( လူမြင်မှတ်မိ )

အမျိုးသားတစ်ဦးမှ ဘယ်ကိုသွားမှာလည်း မရင်းကိုသွားမှာဆိုလျင်တစ်ယောက်ကိုယာဥိစီးခ ၁၅၀၀ ကျပ်နှုန်းဖြစ်ကြောင်းပြောဆိုခဲ့ကြောင်းသိရသည်။

အဆိုပါလူကသားအဖ ၂ ဦးထံမှ ငွေကျပ် ၃၀၀၀ ကျပ်တောင်းခံသောကြောင့်ကာယကံရှင်မှ ယာဉ်နောက်လိုက်အထင်ဖြင့် ပေးခဲ့လိုက်ကြောင်း /အဆိုပါဟိုင်းလတ်ခရီးသည်တင်ယာဉ်မှာ မကြာမှီအချိန် အဆိုပါဂိတ်မှ ထွက်ရှိလာပြီး “ပန်းလှိုင်” ယာဉ်ဂိတ်တွင်ထပ်မံဂိတ်ထိုး၍

ခရီးသည် စောင့်ဆိုင်းနေချိန်အဆိုပါယာဉ်မှ ယာဉ်မောင်းကလည်းယာဉ်ပေါ်ပါ ခရီးသည်များထံ ယာဉ်စီးခတောင်းခံခဲ့ရာ /မရင်းကျေးရွာသို့ပြန်မည့် သားအဖ ၂ ဦးအနေဖြင့် အထက်ဖော်ပြပါအတိုင်း ဟာဒယ/ကောင်းကြိုက် ရှေ့ ဂိတ်တွင်

ယာဉ်စီးခအားပေးခဲ့ပြီးဖြစ်ကြောင်း ပြောပြခဲ့သော်လည်း ယာဉ်မောင်းအနေဖြင့် သူ့အနေနှင့်အဆိုပါငွေတောင်းခံသွားသူအား မသိရှိသလို သူနှင့်လည်း မပါတ်သက်ကြောင်းပြောပြပြီး ယာဉ်စီးခ ထပ်မံတောင်းခံခဲ့၍ မရင်းကျေးရွာသို့ပြန်မည့် သားအဖ ၂ ဦး မှာ ဒုတိယအကြိမ် ယာဉ်စီးခ ထပ်မံပေးခဲ့ရကြောင်း သိရသည် ။

အဆိုပါအခင်းဖြစ်ဂိတ်သို့သွားရောက်စုံစမ်းခဲ့သော်လည်း ငွေတောင်းခံခဲ့သူအနေဖြင့် ဂရုမမူသည့်အပြင် ရန်ပြုမည့်အခြေအနေနှင့် ပြန်လည်ဆက်ဆံခဲ့သည်ဟုလည်း ဆက်လက်သိရှိရပါသည် ။သက်ဆိုင်ရာတာဝန်ရှိသူတပ်ဖွဲ့ဝင်များကဖမ်းဆီးအရေးယူသင့်ကြောင်းရေးသားရပါသည်။

စနေသား

Leave a Reply

Your email address will not be published. Required fields are marked *