ရင်ဘတ်ပေါ်တွင် မိသားစု၄ယောက်ပုံအား တက်တူးထိုးခဲ့ရာ လက်ရာပြောင်မြောက်လွန်းသည့်အတွက်

ရင်ဘတ်ပေါ်တွင် မိသားစု၄ယောက်ပုံအား တက်တူးထိုးခဲ့ရာ လက်ရာပြောင်မြောက်လွန်းသည့်အတွက် အများမှ တက်တူးထိုးသည့်နေရာလိပ်စာကို မေးမြန်းနေကြသည့်အဖြစ်

ဗီယက်နမ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် တက်တူးထိုးရခြင်းကို နှစ်သက်ပြီး လက်မောင်းနှင့် ရင်ဘတ်တို့တွင် အမိုက်စား ရောင်စုံတက်တူးတို့ကို ထိုးခဲ့သည်။

မိန်းကလေးသည် နယ်ဝေးရပ်ခြားသို့ အလုပ်သွားလုပ်ရစဥ် မိသားစုအား လွမ်းဆွတ်သောအားဖြင့် သူမရဲ့ ရင်ဘတ်ပေါ်တွင် မိသားစုနှင့်ပုံတူ တက်တူးအား ထိုးခဲ့ပြီး

ဆယ်ဖီဆွဲရာတွင် effect သုံးပြီး Stickerထည့်ရာတွင် တက်တူးပုံတွေကပါ တကယ့်လူအစစ်အမှန်နှင့်တူလွန်းတာကြောင့် မည်သည့်ပုံစံမျိုးပြောင်းပါစေ တူတူရိုက်ရသည့် ခံစားချက်မျိုးကို ဖြစ်စေသည်။

မိန်းကလေးသည် သူမရဲ့ မိသားစုတက်တူးနှင့် ဆယ်ဖီရိုက်ထားသောပုံလေးတွေကို လူမှုကွန်ယက်တွင် မျှဝေခဲ့ရာတွင် အများမှ အဓိပ္ပါယ်ရှိလွန်းသည့်တက်တူးအား ထိုးထားသည့်အတွက်

စိတ်ကူးကောင်းဆိုပြီး ချီးကျူးကာ လက်ရာပြောင်မြောက်လွန်းသည့်အတွက်လည်း တက်တူးကိုဘယ်ဆိုင်ကထိုးတာလဲဆိုပြီးတော့ ဆိုင်လိပ်စာကို တောင်းယူခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed