သတင်းထူးတစ်ခု တင်ပြပါရစေ…ဒီခေတ်မှာ ဒီလိုတွေ ရှိသေးတယ်တဲ့လား

ဒီခေတ်မှာ ဒီလိုရှိသေးလား…ပေါ့…။ ရှိတယ် သိပ်ရှိတယ်
အိမ်သစ်တက်ပွဲကနေ စဖြစ်တာပါ။
အိမ်သစ်တက်ပွဲကို ခမ်ခမ်းနားနား၊ ကြီးကြီးကျယ်ကျယ်လုပ်လို့ မနာလိုလို့ အခုလိုအောက်လမ်းနည်းနဲ့လုပ်တာတဲ့လေ
မနာလိုတဲ့စိတ်က သိပ်ကြောက်ဖို့ကောင်းတယ် သူများ ထမင်းလည်း လာစားသေးတယ်။
အိမ်ရှင်ကိုလည်း အခုမြင်ရတဲ့အတိုင်း အောက်လမ်းနည်းနဲ့(လက်ညိုးနဲ့ဆံပင်ပတ်ပြီး)
အိမ်ရှင်ဗိုက်ထဲ ဘယ်လိုထည့်သွားလည်းဆိုတာ လုပ်တဲ့လူပဲသိပါလိမ့်မယ်
အိမ်သစ်တက်ပွဲလုပ်ပြီးတာနဲ့ ဒီပြဿနာ စဖြစ်တာပါပဲ။ အစက ဗိုက်နာတယ်။
နောက်တော့ ထမင်းပါစားလို့ မရတော့ဘူးတဖြည်းဖြည်းနဲ့ပိန်လာတယ်။ ကုတာလည်း စုံလို့ပါပဲ။
ကုန်လိုက်တဲ့ ပိုက်ဆံဆေးရုံမှာခွဲစိပ်တယ် ဗိုက်နာတာ မသက်သာဘူး။
အသားသေးသေးလေး ယူထုတ်တယ် မထူးဘူး။
အခုကျတော့အထက်လမ်းနဲ့ ကုလိုက်တာ ဆေး ငါးခွက်သောက်တယ်။
ပါးစပ်ထဲကနေ လက်ညိုးကို ဆံပင်နဲ့ပတ်ပြီး ထွက်လာတယ် ဒါတွေက ပုံပြင်မဟုတ်ဘူး။
ချမ်းသာရင် မနာလိုကြဘူး ဆင်းရဲရင်လည်း အထင်သေးခံရတယ်။
အခုတော့ ဒကာမလေးထမင်းစားလို့ရသွားပြီ။ အောက်လမ်းဆိုတာ တကယ်ရှိတယ်။
အပြော အဆို အနေအထိုင်ဆင်ခြင်ကြပါ။
လူ့ဘဝခဏလေးမှာဘာမှမဖြစ်တာ အကောင်းဆုံးပဲလေ။ သူငယ်ချင်းတို့ဗဟုသုတ အနေနဲ့မျှဝေပေးတာပါ။
အရှင်ဓမ္မသေန တစ်ကိုတော်ပရဟိတ
Credit – ဗဟုသုတအဖြစ်မျှဝေပါသည်