ခင်ပွန်းဖြစ်သူ အသက်ရှင်ဖို့အတွက် အသက်ကိုတောင် ပေးဝံ့တဲ့ အမျိုးသမီး…

ဒီအစားထိုးကျောက်ကပ်လေးပြန်မပျက်စီးဖို့နဲ့လူသက်တန်းစေ့နေနိုင်ဖို့အတွက် ဆုတောင်းရင်းပျော်ရွင်တဲ့မိသားစုဘဝလေးတည်ဆောက်သွားကျမယ် kokoရေ 😍😍😘
အိန္ဒိယနိုင်ငံကိုကျောက်ကပ်အစားထိုးသွား အမှတ်တရလေးအခုမှပဲတင်ဖြစ်တော့တယ်
ကိုယ်ယောက်ျားကိုဘယ်လောက်ချစ်တယ်ဆိုတာ ကိုနည်းနည်းမျက်စိနောက်မယ်ဗျို့😁😅
သူကျန်းမားရေးလေးပြန်ကောင်းပီပိုက်ဆံလေးပြန်စုပီရင်တော့မဂ်လာပြန်ဆောင်မယ် အဲ့ခါကျရင်အားလုံးကိုလဲဖိတ်ပါမယ်နော်😊😊😘😘
သူအိပ်ရာကနိုးနိုးချင်းမျက်နှာတွေ😖😖ကိုယ်မိဘနဲ့မိတ်ဆွေတွေကဝိုင်းတားကျတယ် ကျောက်ကပ်တစ်လုံးထဲနဲ့
အသက်ရှင်ဖို့မလွယ်ကူဖူးဆိုတာကိုကိုယ်ကအတိုက်အခံလုပ်ပီ ကိုယ်ရဲ့ဆုံဖြတ်ချက်ကိုလုံးဝမပြင်ခဲ့ဘူး😊
အိန္ဒိယကိုကျောက်ကပ်အစားထိုးမသွားခင်(၁)လအလိုဆေးရုံတက်ရတယ် ကိုယ်ကတော့သူကိုစောင့်ပေးရင်စိတ်တွေပူ😞😞
ကဲ့သွားဖို့အသင့်ဖြစ်နေပင်မဲ့ရင်တွေတုန်ဟိုရောက်ရင်အစစအရာရာအဆင်ပြေဖို့ကိုစိတ်ထဲကြိတ်ဆုတောင်းရင်နဲ့😞
လေယဉ်ပေါ်မှာမောင်လေးကအမဒီကိုကြည့်ဆိုလို့😁

အိန္ဒိယ ကိုရောက်ပြီတဲ့ပိုရင်တွေခုန်လာတယ်😁
ဆေးရုံကိုရောက်တာနဲ့တန်ကျောက်ကပ်ဆေးခိုင်းလို့သူကဆေးရင်စားရင်နှိပ်ခိုင်းရင်းနဲ့ကိုယ်ကတော့ထုံစံတိုင်သူကိုလူနာစောင့်ပေးရင်အော်ရင်ငေါက်ရင်နဲ့ပဲ😁
ဆေးရုံကလာကျွေးတဲ့အစားအစာ ဆန်ပြုတ်လိုဟာတော့နှစ်ယောက်စလုံးမစားဘူး ကျန်တာကိုတော့လုစားကျတာ😅
နယူးဒေလီမှာမိုးတွေရွာတော့ဆရာကြီးကိုဓာတ်ပုံရိုက်ပေးလိုက်တယ် ✌
ကျောက်ကပ်ပြန်ဆေးဆေးရုံပြန်လိုက်စောင့်ပေးကျောက်ကပ်ဆေးနေတဲ့တလျှောက်လုံးလဲရန်မသတ်တဲ့ရက်တစ်ရက်မှာမရှိဘူး🙄
ကျောက်ကပ်ဆေးရေထုတ်တာတွေများတော့အရိုးတွေအားနည်တော့လက်ကပြန်ကိုက်ပတ်တိစီးပေးထားတာ😅အာ့တွေကသူစားတာမဟုတ်ဘူးနော်
အဖွားကိုခေါ်လာတော့ပျင်းနေမှာဆိုလို့ဇာတ်ကားတွေဖွင့်ပြသူကပါအခန်းထဲမနေဘူးကိုယ်တွေနေတဲ့အပြင်မှာလိုက်ထိုင်တာ သူဗိုက်ကတော့ပတ်ပတ်လည်ရေတွေပြည့်နေပီ😕
သူအဆုတ်ထဲကရေတွေမစုတ်ထုတ်ခင်ဓာတ်မှန်အရင်ရိုက်ရတော့တန်းစီစောင့်နေရတာကိုယ်ကနားနေအခန်းထဲသွားထိုင်မယ်ဆိုတာကိုဒီမှာထိုင်တဲ့😅
ဆရာကြီးအဖျားတွေတက်နေတာရေဘက်ဝတ်တင်ပီခြေထောက်ကိုနှိပ်ပေးနေရတယ် ကျောက်ကပ်မကောင်းတော့ကြွက်ခနခနတက်တယ်လေ😓
အဖျားတော့ကျနေပီ တခုခုဆိုမိန်းမကိုပိုချွဲတယ်🙄
ဘုတ်ဖြေဖို့မျက်နှာသာပြုံးနေကျတော့ရင်တော့မှာတော့ကြောက်နေကျတာနှစ်ယောက်စလုံး🤧
ဆရာကြီးကတော့ထုံစံတိုင်အိပ်ငိုက်နေပီ🙄
ကဲ့ညကျရင်ဆေးရုံတက်မယ်မနက်8နာရီခွဲမယ်ဆရာဝန်ကြီးကကိုယ်စီကကျောက်ကပ်ကိုသူစီးထဲ့ပေးဖို့မှတ်ပေးလိုက်ပီ ကြည့်ရင်နဲ့ရင်တွေတုန်နေပီနှစ်ယောက်လုံး🤧
တကယ်ခွဲရတော့မယ်ဆိုတော့နှစ်ယောက်လုံးရဲ့အတွေးထဲမှာကြောက်နေကျပီ😓
ကိုယ်ကသူကိုသာနှစ်သိမ်ပေးနေတာကိုယ်စိတ်ထဲသေလောက်အောင်ကြောက်နေခဲ့ပီဘဝမှာကိုယ်ဟာဒါပထမဦးဆုံးခွဲစိတ်ခန်းထဲဝင်ရခြင်းပဲအပ်ကိုအမြင်တာနဲ့ကြောက်လို့ဆေးရုံဆေးခန်းတောင်မသွားခဲ့ဖူးဘူး
ဒါပင်မဲ့သူအသက်ကိုကယ်ဖို့ပဲဒီအချိန်မှာအာ့ပဲသိနေခဲ့တယ်😌
ကိုယ်ကကြောက်နေပင်မဲ့ဒီအမူအရာကိုသူကိုပေးမသိခဲ့ဘူးသူပိုကြောက်နေမှာကိုဆိုတယ်ကိုယ်ကအရင်ဝင်ရမှာဆိုတော့ဒူးတွေတုန်နေတာ😁😁
ဒါပင်မဲ့ကိုချစ်တဲ့လူကိုတော့ဘယ်လိုမှအဆုံးအရှုံမခံနိုင်ဘူးနှစ်ယောက်ထဲကတစ်ယောက်ပဲအသက်ရှင်မယ်ဆိုရင်တောင်မှကိုယ်ပဲအသေခံလိုက်မယ်😌
ဆရာကြီးလဲးရေုံကဆင်းလာပါပြီးကိုယ်ခံအားချဆေးတွေသုံးထားတော့တအားပိန်းသွားတာ😪
စတန်းဆိုလားပဲထုတ်ဖို့ဆေးရုံခနပြန်တက်ရတာ ကျောက်ကပ်အစားထိုးပီတော့ရုပ်ကတော့ချက်ချင်းပြောင်းသွားတယ်သူကိုမေးကျိတော့နေရထိုင်ရတာတအားပေါ့သွားတယ်တဲ့😌
ကျောက်ကပ်အစားထိုးပြီဆေးစစ်ချက်တွေလဲကောင်းနေလို့ထိုင်လို့လဲကောင်းသာမန်လူလိုလဲဖစ်ရောဆရာဝန်ကြီးနဲ့တွေ့ပီကိုယ်မြန်မာပြည်ကိုပြန်ရတော့မယ်ဆိုတော့တအားပျော်နေကျပီ ဆရာဝန်ကြီးနဲ့လဲအမှတ်တရဓာတ်ပုံရိုက်ခဲ့သေးတာ😁
ကျောက်ကပ်အစားထိုးထားတဲ့လူကိုတည့်မဲ့အစားစာကိုကိုယ်တိုင်ချက်ကျွေးထားတာ😅
ဆရာကြီးကတစ်ရက်ကိုတစ်ယောက်ထဲဖို့ဆန်4ဗူးခွဲလောက်ချက်ရတယ် မျက်နှာကြီးကဝပြဲဖြစ်လာပီ အခုတော့ငေါက်ထားတော့အစာလျော့စားနေပါပီ😌
ကျောက်ကပ်အစားထိုးပီ2လကျော်ကျော်ပဲရှိသေးတယ်ကိုယ်ဆရာကြီးရဲ့ရုပ်ကိုတချက်ရှိုး😌ကိုယ်ချစ်တဲ့လူကိုယ်ကျောက်ကပ်လေးနဲ့ကျန်းမားနေတာလေးမြင်တော့ပိတိဖြစ်မိတယ်
ဒီအစားထိုးကျောက်ကပ်လေးပြန်မပျက်စီးဖို့နဲ့လူသက်တန်းစေ့နေနိုင်ဖို့အတွက် ဆုတောင်းရင် ဂရုစိုက်ပေးရင်နဲ့ပျော်ရွင်တဲ့မိသားစုဘဝလေးတည်ဆောက်သွားကျမယ် kokoရေ 😍😍😘