မနက်အိပ်ရာကနိုးတော့အကြားအာရုံများကို ဆုံးရှုံးလိုက်ရတဲ့အသက်၂၆နှစ်အရွယ်ကောင်မလေး😔

အိပ်ချိန်ဂရုမစိုက် အိပ်ရေးပျက်တာကနေအာရုံကြောပျက်သွားတာလို့ဆရာဝန်များကပြောပါတယ်။

မိမိကိုယ်ကိုချစ်ပါဂရုစိုက်ပါ။ ကိုယ်တိုင်လဲ အခုတလော sleep deprivation ကြောင့် short-term memory loss သိသိသာသာ ဖြစ်လာလို့ လိုက်ရှာဖတ်ရင်းနဲ့ အားလုံးလဲ သိထားရအောင်ပြန်လည်မျှဝေတာ ပါ။

Sleep Deprivation ( အိပ်ရေးမဝခြင်း )

ဒီ post ကိုတော့ညဘက်တော်တော်နဲ့မအိပ်နိုင်တဲ့သူတွေဖတ်သင့်ပါတယ် ။ Sleep Deprivation အိပ်ရေးမဝတာကကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး ။ ဒါကိုတော့လူတိုင်းသိတယ် ၊ ဒါပေမယ့်အိပ်လားဆိုတော့မအိပ်ကြပါဘူး ။

အလွန်ဆုံး၁၂ကျော်မှအိပ်ကြတာများတယ် ။ အထူး သဖြင့် teenager တွေဆို ၁၂ တောင်မဟုတ်ဘူး ၃ ၄ ၅ နာရီလောက်မှစအိပ်ကြတယ် ။အဲ့တော့နေ့နဲ့ညတွေမှားကုန်ရော ။

တချို့ဒီလိုတွေးတယ် ” ညမအိပ်ဘဲမနက်မှအိပ်လဲအိပ်တာပဲ ၊ အိပ်ချိန်ရတာပဲ ၊ နေ့နဲ့ညဘဲလွဲတာ ဘာအလုပ်မှမလုပ်ရတာ ဘာမှမဖြစ်ပါဘူး ” စသဖြင့်ပေါ့။ အဖြေကတော့ No ပါ။

ညမအိပ်ဘဲမနက်မှအိပ်တာလဲ အိပ်ရေးမဝတာကိုဖြစ်စေပါတယ် ။ လူတွေသိကြတဲ့ အိပ်ရေးမဝတာကြောင့်အဖြစ်များတာတွေက ခေါင်းကိုက်တာ ၊ ခေါင်းမူးတာ ၊ ခေါင်းမကြည်တာ အဲ့ဒါတွေလောက်ပဲသိကြတာပါ ။

တကယ့် side effect ကခေါင်းအစခြေအဆုံးဖြစ်တာပါ ။ ကိုယ်ကတကယ်လို့ အိပ်တဲ့အချိန်မပြောင်းဘဲဒီလိုပဲဆက်သွားနေရင်တော့Side effect ကတော့
တခုပြီးတခုဖြစ်နေမှာပါ ။

ဘာတွေဖြစ်လာနိုင်လဲ ?

Symptoms စပြရင်ယေဘုယျအားဖြင့်ခေါင်းအပိုင်းကစပြကြတာများတယ် ။ Memory Issues မှာဆိုရင်ညဘက်ဆိုကိုယ့် ဦးနှောက်ကသူ့ထဲအသစ်ထပ်ထည့်ရမယ့်Information တွေ memory အသစ်တွေကိုမှတ်မိအောင် space တွေလုပ်လေ့ရှိတယ် ။

အဲ့အချိန်တွေမှာမအိပ်တာများရင် ရေတိုရေရှည် memory တွေဆုံးရှံးလာမယ် ။ နောက်ပိုင်းမမှတ်မိတာတွေ မေ့လွယ်တာတွေဖြစ်လာနိုင်တယ် ။ အာရုံ စူးစိုက်မှုနဲ့thinkingပိုင်းတွေမှာအားနည်းလာမယ် ။

Emotions အပိုင်းမှာဆိုရင် Mood ကလုံးဝမကောင်းဘူးထစ်ကနဲရှိစိတ်ကတို ၊ စိတ်ထဲဘယ်အရာမှအချိုးမပြေဘူးမြင်မြင်သမျှကန့်လန့်ကြီးဖြစ်ပြီးစိတ်ကိုထိန်းမရဘူး ။ စိတ်နုတဲ့သူတွေဆိုရင် Anxiety, Depression တွေပါဆက်ဖြစ်လာနိုင်တယ် ။

Sleep Deprivation က Weight Gain ကိုလဲဖြစ်စေသတဲ့နော် ။ ဒီ weight gain ကေတာ့ဆိုးကျိုး ကရတဲ့ weight လို့ပဲပြောပါရစေ ။ ကိုယ်အလေးချိန်ပေါင်တွေတက်လာနိုင်ပါတယ် ။

အခုအချိန်က Covid 19 pandemic အချိန်ဖြစ်တဲ့ အတွက် Stay Home လုပ်ရင်း ဖုန်းသုံးပါများလေ မအိပ်ချင်ကြလေနဲ့Sleep Deprivation အဖြစ် များလာကြတာပါ။ အိပ်ရေးမဝရင်ကိုယ်ခံအားကိုလဲကျဆင်းစေတဲ့အတွက်ရောဂါပိုးတွေအလွယ်တကူဝင်နိုင်တယ် ။

Deprivation ကြောင့်ဖြစ်နိုင်ချေရှိတဲ့ရောဂါတွေကနှလုံးရောဂါ ၊ ကင်ဆာ ၊ သွေးတိုး ၊ ဆီးချိုစတဲ့ရောဂါတွေဖြစ်နိုင်တယ် ။Sex Hormones တွေပွားနှုန်းကိုလဲလျော့စေပါတယ် ။

Sleep Deprivation ဖြစ်တာကြာလာရင်ရုပ်ပိုင်းဆိုင်ရာကိုပါထိခိုက်လာနိုင်တယ် ။ ဥပမာ – ခြေထောက်မှာ poor balance ဖြစ်လာရင်ရုတ်တရက် လဲကျသွားတာတို့၊ လက်မှာ balance မညီရင် ဘာမှမကိုင်နိုင်တော့ဘဲအားမရှိတော့မျိုးတွေဖြစ်နိုင်တယ် ။

အိပ်ရေးမဝရင်အသိသာဆုံးကမျက်လုံး မျက်နှာ ဖြစ်တဲ့အတွက် skin suffer တွေပါဖြစ်တတ်ပါတယ် ။ အဆိုးဆုံး Sides Effect ကတော့သေတဲ့ အထိဖြစ်နိုင်တာပါ

ဒါတွေကတော့ခေါင်းအစခြေအဆုံးဖြစ်တတ်တဲ့ Sides Effect တွေပါ ။ ၁၂ နာရီအလွန်ဆုံးထားပြီးအိပ်ကြပါ ။ ကိုယ့်သူငယ်ချင်းတွေထဲမှာ နေ့နဲ့ ညမှားနေရင် သတိပေးပေးပါ ။

#crd Ashin Kall Than La ရည် မှန်း အောင်
#CreditOriginalUploader

Leave a Reply

Your email address will not be published. Required fields are marked *