‌ေ သ နတ်မိလို့ အဖမ်းခံရတဲ့ တရားခံက ဌာန်၊ ကရိုဏ်းကျကျ ကျယ်လောင်စွာ ပရိတ်ရွတ်ပြသောကြောင့်

မဲခေါင်၊ ဒီဇင်ဘာ ၅

နိုဝင်ဘာလကုန်ပိုင်းက ထိုင်းရဲတပ်ဖွဲ့ဟာ တက်ခ်ခရိုင် ဝမ်ယိုအရပ်မှာရှိတဲ့ ထိုင်းအမျိုးသားတစ်ဦးအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ တရားဝင်လိုင်စင်မလုပ်ထားတဲ့ ရိုင်ဖယ်တစ်လက်ကို

သိမ်းဆည်းရမိတဲ့အတွက် ရဲစခန်းကို ခေါ်ဆောင်စစ်ဆေးစဉ် ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် စစ်ဆေးမေးမြန်းခြင်းချက်ချင်းမလုပ်နိုင်ခဲ့ဘဲ ၁၀ မိနစ်လောက် စိတ်ရှည်ရှည်စောင့်ပြီးမှ စစ်ဆေးခဲ့ရပါတယ်။

မစ္စတာဝီလက်စ်ဆိုတဲ့ အဲဒီအမျိုးသားဟာ ရဲစခန်းရောက်လို့ စစ်ဆေးမှုတွေလုပ်တော့မယ်ကြံချိန် ရုတ်တရက် ကျယ်လောင်ပြီး အင်မတန် ဌာန်၊ ကရိုဏ်းကျတဲ့ လေသံနဲ့ ပရိတ်စရွတ်ခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာအယူဝါဒမှာ အန္တရာယ်ကင်း၊ ဘေးကင်း၊ သရဲ၊ တစ္ဆေတွေကို မှောင်းထုတ်နိုင်၊ စုန်းအတတ်၊ အောက်လမ်းအတတ်တွေနဲ့

ပြုစား မှုနဲ့ဝိညဉ်တွေနှောင့်ယှက်မှုကို ဖယ်ရှားနိုင်၊ မတော်တဆဘေးအန္တရာယ်တွေကို ကာကွယ်နိုင်တယ်လို့ ယုံကြည်ကြတဲ့ ပရိတ်တရားတော်ကို (Chinnabanchorn) လို့ ခေါ်ပါတယ်။

ဒါကြောင့် မစ္စတာဝီလက်စ်ဟာ ထောင်မကျစေဖို့ ပရိတ်တရားတော်ကို အားကိုးတကြီး ရွတ်ဆိုခဲ့တာပါ။

ထေရဝါဒ ဗုဒ္ဓဘာသာတွေအများဆုံးနေထိုင်တဲ့ထိုင်းနိုင်ငံဟာ ရဟန်းတော်တွေကို ကြည်ညိုမြတ်နိုး၊ ဘုရားရှင်ရဲ့ အဆိုအဆုံးမတွေ၊ တရားတော်တွေကို အလေးအမြတ်ထားကြတော့

မစ္စတာဝီလက်စ် ကျယ်လောင်တဲ့ အသံနေ အသံထားနဲ့ ပရိတ်ရွတ်တော့ လက်အုပ်ချီရမလို၊ ဒူးတုပ်ထိုင်ရမလိုတွေတောင်ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ပရိတ်တရားတော် ၁၀ မိနစ်လောက်နာအပြီးမှာ ဝမ်ယိုရဲစခန်းက တာဝန်ရှိသူတွေဟာ စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်ပြီး

နောက်ဆုံးမှာတော့ တရားခံ မစ္စတာဝီလက်စ်ကို အချုပ်ခန်းသံတိုင်တွေနောက် ပို့လိုက်တယ်လို့ ထိုင်းမီဒီယာ khaosodenglish.com က ဖော်ပြသွားပါတယ်။

MKF – 001
#MeKongNews
Ref: khaosodenglish.com

Leave a Reply

Your email address will not be published. Required fields are marked *