မျက်မမြင်ဖခင် အလုပ်ဆင်း နေစဉ် တုတ်ချောင်းဖြင့် လမ်းပြပေးလေ့ရှိတဲ့ ၅နှစ်အရွယ်ကလေးမလေး..

ဖိလစ်ပိုင်နိုင်ငံမှချစ်စရာကောင်းတဲ့အသက် ၅ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးဟာ သူမ၏မျက်မမြင်ဖခင်ဖြစ်သူNelson Pepe အား နေ့စဉ်အလုပ်သို့ခေါ်ဆောင်သွားပုံ ကိုမှတ်တမ်းတင်ထားတဲ့ဗီဒီယိုတစ်ခုဟာ လျင်မြန်စွာ ပျံ့နှံ့ သွားခဲ့ပါတယ်။

Rubylyn Capunes Pabillion အမည်ရှိအမျိုးသားဟာ Facebook ပေါ်တွင် အဆိုပါ ကြည်နူးစရာဗီဒီယိုကိုတင်ပေးခဲ့ပြီး “ ဒါက Dodong လို့ ခေါ်တဲ့မျက်မမြင်အမျိုးသားတစ်ဦးနဲ့ သူ့ရဲ့၅နှစ်အရွယ် သမီးလေးတစ်ဦးရဲ့အကြောင်းပါ ၊

ကလေးမလေးက သူ့ အသက်အရွယ်နဲ့မလိုက်အောင် သူ့အဖကို လယ်ကွင်းသို့ သွားတာ သို့မဟုတ် အိမ်သို့ပြန်တာတွေကို အရှေ့ကနေ လမ်းပြဖို့ ကူညီပေးလေ့ရှိတယ် ၊ ကျေးဇူးပြုပြီး ဒီဗီဒီယိုကို share ခြင်းဖြင့်သူတို့ကိုကူညီပေးပါ၊ ဒါကအားလုံး အတွက် လှုံ့ဆော်မှုတစ်ခုဖြစ်စေမှာပါ ” ဟု ရေးသားဖော်ပြပေးခဲ့တာပါ

ဗီဒီယိုထဲအရ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ သမီးလေး Jenny ဟာ တုတ်ချောင်းကိုအသုံးပြုပြီး Southern Leyte ပြည်နယ် Sogod ရှိ အုန်းခြံတစ်ဝိုက်မှာ ဖခင် ဖြစ်သူ Pepe အား ရှေ့ကနေလမ်းပြပေးနေတာကို တွေ့မြင်နိုင်ပါတယ်။

ထို့နောက် ဖခင် Pepe ဟာ သမီးဖြစ်သူရဲ့အကူအညီဖြင့် ရေသွားသောက်နေတာကိုလည်း မြင်တွေ့နိုင်ပါတယ်။ ABS-CBN သတင်းအရ Pepe ဟာ နေ့စဉ်အုန်းပင် အပင် ၆၀ ကိုတက်ကာ PHP 300 ( ဒေါ်လာ ၅.၅၄ )ရရှိပါတယ်။ သူဟာ မျက်စိကွယ်နေပေမဲ့ သူ့ မိသားစုကိုထောက်ပံ့ခြင်းကို မရပ်တန့်ခဲ့ပါဘူး။

၎င်းသုံးမိနစ်စာဗီဒီယိုဟာ သူမ၏ဖခင်အား Jenny ၏ချစ်ခင်မှုနှင့်သစ္စာရှိမှုကိုပြသသည့်အနေနှင့် Facebook ပေါ်တွင်အလျင်အမြန်ပြန့်နှံ့သွားပြီး sharer ပေါင်း ၅၀,၀၀၀ ကျော်အထိရှိခဲ့ပြီး ကမ္ဘာတစ် ဝှမ်းရှိထောင်ပေါင်းများစွာသောလူမှုမီဒီယာအသုံးပြု သူများဟာ အဖေနဲ့သမီးတို့၏ဗီဒီယိုဖိုင်ကြောင့် နှလုံးသား ထိမိသွားခဲ့ကြရပါတယ်။

Pepe ဟာ မျက်စိမြင်လွှာပျက်စီးစေသည့် retinal detachment && retinitis pigmentosa ခေါ်သောရှားပါးမျိုးရိုးမျက်စိရောဂါရှိခဲ့နေပါတယ်။ ဆေး ဘက်ဆိုင်ရာအကူအညီအပြင် ၎င်းတို့က Pepe အပါအဝင် သူ့ကလေးသုံးယောက်နဲ့ဇနီးဖြစ်သူတို့ကို အန္တရာယ်နည်းတဲ့ပတ်ဝန်းကျင်သို့ နေရာပြောင်းပေးခဲ့ပြီး သူ့ကို အသက်မွေးဝမ်းကျောင်းသင်တန်းများပေးခဲ့ကြပါ တယ်။

Pepe ဟာ မျက်စိမြင်လွှာပျက်စီးစေသည့် retinal detachment && retinitis pigmentosa ခေါ်သောရှားပါးမျိုးရိုးမျက်စိရောဂါရှိခဲ့နေပါတယ်။ ဆေး ဘက်ဆိုင်ရာအကူအညီအပြင် ၎င်းတို့က Pepe အပါအဝင် သူ့ကလေးသုံးယောက်နဲ့ဇနီးဖြစ်သူတို့ကို အန္တရာယ်နည်းတဲ့ပတ်ဝန်းကျင်သို့ နေရာပြောင်းပေးခဲ့ပြီး သူ့ကို အသက်မွေးဝမ်းကျောင်းသင်တန်းများပေးခဲ့ကြပါ တယ်။

အခြားသောကြီးမားရက်ရောတဲ့လှုပ်ရှားမှုတစ်ခုမှာ
Pepe ဟာ အနီးအနားရှိစတိုးဆိုင်တစ်ခုတည်ထောင်ရန် သူ့အားကူညီပေးရန် Php10,000 (အမေရိကန်ဒေါ်လာ၁၈၉.၉၅) ကိုပါ လက်ခံရရှိခဲ့ပါသေးတယ်။

Mia (Mckzone daily)Reference goodtimes

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed