စျေးဝယ်နေစဥ် ဆိုင်ကယ်ရပ်ထားရာလူငယ်တစ်ဦးမှယူဆောင်မောင်းနှင်လုပြေးသဖြင့် မိန်းကလေးငယ် ပြုတ်ကျ ဒဏ်ရာရ

ဒီဇင်ဘာ(၉)၂၀၂၂၊ ရွှေမောင်မောင်(မိတ္တီလာ)

မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့အောင်ဆန်းရပ်ကွက်နယ်မြေကျောက်ဖူးရပ်ကွက်ပစ်တိုင်းထောင်ဘုန်းကြီးကျောင်းအနီးရှိစျေးဆိုင်တွင်ဆိုင်ကယ်ရပ်နားပြီးစျေးဝယ်နေစဥ်

အမည်မသိလူငယ်တစ်ဦးမှဆိုင်ကယ်ယူဆောင်မောင်းနှင်ထွက်ပြေးသွားကြောင်းသိရသည်ဒီဇင်ဘာ(၉)ရက်နေ့လည်(၁)နာရီအချိန်ခန့်မိတ္တီလာမြို့အောင်ဆန်းရပ်ကွက်နယ်မြေရွာကောက်ရပ်နေ မမေမြတ်နိုး (၂၇) နှစ်မှ ကျောက်ဖူးရပ်ကွက်

ပစ်တိုင်းထောင်ဘုန်းကြီးကျောင်းအနီးစျေးဆိုင်သို့စျေးလာဝယ်ရာဆိုင်ကယ်ယာဥ်အမှတ်74W/22845 Wave အမျိုးအစားဖြူနက်ကြားအားလမ်းဘေးရပ်
ထားစဥ်အမည်မသိလူငယ်တစ်ဦးမှ

ဆိုင်ကယ်အားယူဆောင်မောင်းနှင်ထွက်ပြေးသွားသဖြင့်ဆိုင်ကယ်အားနောက်မှလိုက်ဆွဲစဥ်တရွတ်တိုက်ပါသွားခဲ့ရာစားသောက်ဆိုင်ရှေ့၌ပြုတ်ကျ ကျန်ရစ် ခဲ့ကြောင်းသိရသည်။

မ‌ေမမြတ်နိုးတွင် တွင်ပြုတ်ကျသည့်အရှ်ိန်ဖြင့်မျက်နှာခြေလက်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီးဖြစ်စဥ်နှင့်ပတ်သက် ၍နယ်မြေခံရဲစခန်းသို့အကြောင်းကြားတိုင်တန်းလျက်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *