ပင်လယ်ထဲ မျောနေတဲ့ ဘင်္ဂါလီ ၁၅၀ ကျော်ကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးထားတယ်လို့ ပြန်ကြားရေး…

ဒီဇင်ဘာ ၁၀

ပင်လယ်ထဲ မျောနေတဲ့ ဘင်္ဂါလီ ၁၅၀ ကျော်ကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးထားတယ်လို့ ပြန်ကြားရေး က ထုတ်ပြန်ထားပါတယ်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited မှ အထောက်အကူပြုရေယာဉ်များဖြစ်သည့် HAI DUONG 29 နှင့်

HAI DUONG 38 ရေယာဉ်တို့သည် ဇောတိကစီမံကိန်း ကမ်းလွန်လုပ်ကွက်၌ လုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံရေပြင်အတွင်း ဖြတ်သန်းလာစဉ် ဒီဇင်ဘာ ၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် မြိတ်မြို့၏အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာသို့အရောက်၌ ဘင်္ဂါလီများ တင်ဆောင်လာသည့် လှေ ၁ စီးသည် ရေဝင်၍ နစ်မြုပ်လုနီးပါးဖြစ်နေ သည်ကို တွေ့ရှိရသဖြင့် ကယ်ဆယ်ထားတာလို့ဆိုပါတယ်။

၎င်းဘင်္ဂါလီများအား ကနဦးစစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ရန်ထွက်ခွာလာစဉ် စက်လှေမှာ ရေစိမ့်ဝင်ခဲ့ခြင်းဖြစ်ပြီး လှေပေါ်မှာဘင်္ဂါလီ လူကြီး ကျား ၈၃ ဦး၊

မ ၄၀ ဦး၊ ကလေး ကျား ၂၃ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၁၅၄ ဦးတို့အား စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်၍ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပြီး အစားအသောက်များ ထောက်ပံ့ကျွေးမွေး ခေါ်ဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အထက်ပါ ဘင်္ဂါလီများအား မြိတ်မြို့အနောက်မြောက်ဘက် ၈.၅ မိုင်ခန့်အကွာတွင် ကျောက်ချရပ်နား၍ မြိတ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနပါဝင်သော အဖွဲ့စုံဖြင့် ရေယာဉ်ပေါ်မှာ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး

စစ်ဆေးမေးမြန်းမှုများဆောင်ရွက်ပြီးပါက စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *