ဗိုက်အောင့်လို့ ဆေးရုံတက်ခဲ့ရာမှ လေးနှစ်သမီးရဲ့ဝမ်းဗိုက်ထဲ အူနံရံဖောက်နေတဲ့ကစားစရာသံလိုက်သံပုတီး ၆၁ လုံးကို…

တရုတ်၊ ဒီဇင်ဘာ ၉

တရုတ်နိုင်ငံ၊ အရှေ့ပိုင်းက ဆရာဝန်တွေဟာ လေးနှစ်သမီး ကလေးငယ်တစ်ဦးရဲ့ ဝမ်းဗိုက်ထဲက သံလိုက် သံပုတီးအလုံးပေါင်း ၆၁ လုံးကို ဖယ်ရှားခဲ့ပြီး

အဲ့ဒီအလုံးတွေက သူမရဲ့ အူနံရံတစ် လျှောက်ကို ထိုးဖောက်ခဲ့တာကြောင့် အပေါက်ဒါဇင်ကျော်ကို ဖာထေးပေးခဲ့ရတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အကျော်တုန်းက ဇီကျန်းပြည်နယ်၊ ဟန်ဇိုးက ဆေးရုံတစ်ခုမှာ x-way ရိုက်ခဲ့ရာကနေ ကလေးငယ်တွေ သင်ကြားရေးပေးဖို့အတွက်ဆိုပြီး ရေပန်းစားတဲ့

ပဲပိစပ်စေ့အရွယ် အစားရှိတဲ့ သံလိုက်သံပုတီးစေ့တွေဟာ ရှောင်ယူလို့ အမည်ရတဲ့ ကလေးငယ်ရဲ့ ဝမ်းဗိုက်ထဲမှာ အများအပြားတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ကလေးငယ်ရဲ့ ဒီလို အစေ့အဆံ၊ အသီးတွေကို စားခဲ့တာ မသိခဲ့ရတဲ့ မိဘတွေမှာ ဓာတ်မှန်ပြားမှာ ပေါ်နေတဲ့ ဝမ်းဗိုက်ထဲက ဘောလုံးတွေကို ကြည့်ပြီး တုန်လှုပ်သွားခဲ့ကြပါတယ်။

အသက်လေး နှစ်အရွယ်ကလေးလေးဟာ ဆေးရုံသို့ မရောက်ခင် ပြီးခဲ့တဲ့လကတည်းက အကြိမ်ပေါင်းများစွာ ဝမ်းဗိုက်နာကျင်ခြင်းဝေဒနာကို ခံစားခဲ့ရကြောင်း စီးတီး အိပ်စ်ပရက်သို့ ပြောကြားခဲ့ပါ တယ်။

အဲ့ဒီလို သံလိုက်ပုတီးစေ့တွေကို ကလေးလေးရဲ့ ဝမ်းဗိုက်ထဲကနေ ဖယ်ရှားပစ်ဖို့ ခွဲစိပ်မှု ၃ နာရီကြာယူခဲ့ရကြောင်း

ကလေးဆေးရုံ ဇီကျန်း တက္ကသိုလ်က ဆရာဝန် ချန်းကွင်းဂျန်းရဲ့ ပြောကြား ချက်ကို ကိုးကားပြီး သတင်းက ဖော်ပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *