မိမိပြောစကားတိုင်း အောင်မြင်ပြီး သြဇာအာဏာ တည်မြဲစေသောသစ်ရွက်အဆောင် ပြုလုပ်နည်း…

ကတိသစ္စာတည်သောအခါဝယ် နွယ်မြက်သစ်ပင်ဆေးဘက်ဝင်၏……ဟုဆိုသည့်အတိုင်းပင်…. လက်ရှိ မိတ်ဆွေတို့​မှာလည်း မိမိအထက်အကြီးအကဲများနှင့် အဆင်မပြေမှုများ ကြုံတွေ့နေရခြင်း ၊

လုပ်ငန်းကိုင်ငန်းတွင် မိမိစကားပေါက်ရောက်အောင်မြင်မှုမရှိခြင်း၊ လုပ်ငန်းခွင်တွင် ဖိနှိပ်ခံနေရခြင်း ၊ မိမိထက်ရာထူးကြီးသူများနှင့်အတိုက်အခံ ကိစ္စများပေါ်ပေါက်နေ၍ မိမိမှ တဖတ်သတ်အနိုင်ယူခံနေရခြင်းများကို အဆင်ပြေသွားစေရန်အတွက်……

တနင်္ဂနွေသားသမီးများ အနေဖြင့် ရွက်လှရွက် တစ်ရွက် ပေါ်တွင် ဆော့ပင်ဖြင့် ၄ ဂဏန်း နှင့် အောင်စေနိုင်စေ..ဟု ရေး၍ အရွက်ကို အဆောင်အဖြစ်ကိုယ်နှင့်မကွာဆောင်ထားနိုင်ပါတယ်..။

တနင်္လာသားသမီးများ အနေဖြင့် မက်မန်း ရွက် တစ်ရွက် ပေါ်တွင် ဆော့ပင်ဖြင့် ၅ ဂဏန်း နှင့် အောင်စေနိုင်စေ…ဟု ရေး၍ ထိုအရွက် အဆောင်အဖြစ်ကိုယ်နှင့်မကွာဆောင်ထားနိုင်ပါတယ်..။

အင်္ဂါသားသမီးများ အနေဖြင့် သီဟို တစ်ရွက် ပေါ်တွင် ဆော့ပင်ဖြင့် ၆ ဂဏန်း နှင့် အောင်စေနိုင်စေ…ဟု ရေး၍ ထိုအရွက်ကို အဆောင်အဖြစ်ကိုယ်နှင့် မကွာဆောင်ထားနိုင်ပါတယ်…။

ဗုဒ္ဓဟူးသားသမီးများ အနေဖြင့် တောင်ထန်း ရွက် ပေါ်တွင် ဆော့ပင်ဖြင့် ၇ ဂဏန်း နှင့် အောင်စေနိုင်စေ…ဟု ရေး၍ ထိုအရွက်ကို အဆောင်အဖြစ်ကိုယ်နှင့်မကွာဆောင်ထားနိုင်ပါတယ်။

ကြာသပတေးသားသမီးများ အနေဖြင့် အုန်းရွက် တစ်ရွက် ပေါ်တွင် ဆော့ပင်ဖြင့် ၁ ဂဏန်း နှင့် အောင်စေနိုင်စေ…ဟု ရေး၍ ထိုအရွက် ကိုအဆောင်အဖြစ်ကိုယ်နှင်မကွာဆောင်ထားနိုင်ပါတယ်…။

သောကြာသားသမီးများ အနေဖြင့် ကံ့ကော် ရွက် တစ်ရွက် ပေါ်တွင် ဆော့ပင်ဖြင့် ၂ ဂဏန်း နှင့် အောင်စေနိုင်စေ…ဟု ရေး၍ ထိုအရွက်ကို အဆောင်အဖြစ်ကိုယ်နှင်မကွာဆောင်ထားနိုင်ပါတယ်…။

စနေသားသမီးများ အနေဖြင့် အနေဖြင့် ဇော်စိမ်းရွက် တစ်ရွက် ပေါ်တွင် ဆော့ပင်ဖြင့် ၃ ဂဏန်း နှင့် အောင်စေနိုင်စေ…ဟု ရေး၍ ထိုအရွက်ကို အဆောင်အဖြစ်ကိုယ်နှင်မကွာဆောင်ထားနိုင်ပါတယ်…။

မှက်ချက်…အသုံးပြုမည့်ထို အရွက်အား စာမရေးမှီ လိုအပ်သလို သင့်တော်သည့်အရွယ်အစားပမာဏကို လှီးညှပ်ကာ ပြုလုပ်၍ ဆောင်ထားနိုင်ပါတယ်….

ဒါကတော့ ကိုယ်တိုင်အဆောင်လွယ်တကူပြုလုပ်ပြီး ဆောင်ထားနိုင်တဲ့ ထိရောက်တဲ့နည်းလမ်းလေးဖြစ်ပါတယ်..ပြုလုပ်ရတာလည်းလွယ်ကူလို့ လူတိုင်ပြုလုပ်နိုင်ပါတယ်.. ။

ဒီအဆောင်လေးကိုဆောင်ထားသူတိုင်း နေရာဌာ လုပ်ငန်း ကိုင်ငန်းဆိုင်ရာ ကိစ္စများပြောဆိုရာတွင် ထူးခြားသိသာမှုကို ခံစားရပါလိမ့်မယ်…။

၇ ရက်သားသမီးများအားလုံး ကိုယ်စ်တ်နှစ်ဖြာကျန်းမာ ချမ်းသာ၍ လိုရာကိစ္စအဝဝပြီးမြောက်နိုင်ကပါစေ….🙏🙏🙏

မေတ္တာဖြင့်မျှဝေပါတယ်….အခြားသူများအတွက် ပြန်လည်မျှဝေသွားပါ….။

ဆရာဦးဘိုနိုင်(ဗေဒင်)
ph -09428121824 (viber)

Leave a Reply

Your email address will not be published. Required fields are marked *