သူတောင်းစားအမည်ခံပြီး တောင်းရသမျှ ပိုက်ဆံ သန်းပေါင်းများစွာကို…

ပထမတကြိမ်တုန်းကလည်း ကျွန်တော်အဖိုအကြောင်း
တင်ပေးခဲ့ဖူးပါတယ်။ (9.11.2022)ရက်နေ့က အဖိုးဟာ
သူတောင်းရသမျှ ငွေ(၆)သိန်း(၅)သောင်းကို

မြ၀တီမြို့ ရွှေမြင်း၀န်ဘုရား ဘက်စုံပြုပြင်မွမ်းမံဖို့အတွက် အကုန်လှူပေးခဲ့ပါတယ်။

ယခု ဒုတိအကြိမ်အဖြစ် (1.12.2022)ရက်နေ့တုန်းက
တောင်းရမ်းရရှိတဲ့ ငွေ(၁၀)သိန်းလုံးကို မြ၀တီမြို့ ရွှေမြင်း၀န်ဘုရား

ဘက်စုံပြုပြင်မွမ်းမံနိုင်ရန်အတွက် ထပ်မံ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ နှစ်ကြိမ်ပေါင်းဆိုတော့ (၁၆) သိန်း(၅)သောင်း လှူဒါန်းထားပြီးပါပြီး။

အဖိုးနာမည်ကတော့ – ဦးတင်၀င်း၊ အသက် – (၇၇)နှစ် ပါ။ အဖိုးအကြောင်း ထပ်သိရတာကတော့ အဖိုးဟာ လက်ရှိ မြ၀တီမှာအိမ်ဌားဘဝနဲ့နေထိုင်ပြီးအဖိုးပိုင်ဆိုင် ခဲ့သည့် ခြံမြေကို ရဟန်းသံယာတော်များ သီတင်းသုံးရန်

ပရိယတ္တိစာတင်တိုက်ဆောက်ဖို့ ပေးလှူခဲ့တယ်လို့ သိရပါတယ်။ မြေဧကက (၁)ဧက ကျော်ပြီးအဖိုး၀ယ်ယူတုန်းက (၈)သိန်းခွဲ ကျခဲ့ပြီး လှူခါနီးတုန်းကသိန်း(၄၀) လာပေး၀ယ်တာကို မရောင်းပဲ လှူပေးခဲ့တယ်လို့ဆိုပါတယ်။

ယခုမြေစျေးနဲ့ဆို သိန်းပေါင်းမနည်းတန်မှာပါ။ အခုတော့ အဖိုးဟာ အိမ်ဌားဘ၀နဲ့နေပြီး သူတောင်းစား
ဘ၀ခံယူကာ နေ့စဉ်အလှူခံရရှိတဲ့ငွေများအား စုဆောင်း ပြီး ဘုရားကိုသာ ပြန်လှူပေးနေတာပါ။

“မသေမချင်းလှူသွားမယ်…ကိုယ့်နောက်ပါမဲ့ ပရဟိတ
ကုသိုလ်ပဲ ယူသွားတော့မယ်လို့လဲ” အဖိုးက ဆိုပါတယ်

အဖိုးက ခုလိုလှူပေးနေတာ အဖိုးကို အလှူငွေ ထည့်ပေးကြတဲ့ လူအားလုံးကို ကျေးဇူးဆပ်ရာရောက်ပါတယ်။ လှူပေးကြတဲ့ အများပြည်သူအားလုံးလဲ ထပ်တူအကျိုးရကြပြီးအပယ်တံခါးပိတ်နိုင်ပါမည်ဟု အဖိုးကပြောဆိုခဲ့ပါတယ်။

သာဓု …. သာဓု …. သာဓု ပါ အဖိုးရေ …

ဇင်မိုး
8.12.2022

Credit:
ကောင်းကင်ထက်က ကြယ်စင် {ကလေး}

Leave a Reply

Your email address will not be published. Required fields are marked *