YBS ကားကို လမ်းလယ်ခေါင်မှာရပ်ပြီးယာဉ်မောင်း ဖြစ်သူဘာမှ မပြောဘဲ ဆင်းသွားလို့ ခရီးသည်တွေ…

မဲခေါင်၊ ဒီဇင်ဘာ ၉
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရာသက်ပန်မှတ်တိုင် အနီးမှာ YBS (၉၃) ယာဉ်ကို လမ်းလယ်ခေါင်မှာ ရပ်တန့်ပြီးနောက်
ယာဉ်မောင်းဖြစ်သူ ကားပေါ်ကနေ ဆင်းသွားလို့ ခရီးသည်တွေ ဒုက္ခရောက်ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီကျော်က YBS ယာဉ်ကို လမ်းလယ်ကောင်မှာ ရပ်တန့်ခဲ့ပြီးနောက် ယာဉ်မောင်း ဖြစ်သူက
ဘာမှ မပြောဘဲ ကားပေါ်ကနေ ဆင်းသွားတာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
“ကားပေါ်က လူတွေ ပြောတာတော့ အရက်မူးနေတာလို့ ပြောတာပဲ။ ခရီးသည်တွေလည်း ဘာလုပ်ရမှန်း မသိကြဘူး။
တစ်ချို့တော့ အခြားကား ပြောင်းစီးပြီး ပြန်နေကြပြီ။ ဘာလို့ ဆင်းသွားတာလဲ ဆိုတာတော့ ယာဉ်မောင်းပဲ သိလိမ့်မယ်” လို့ သူကပြောပါတယ်။
အခုလို YBS ယာဉ်ကို လမ်းလယ်ကောင်မှာ စည်းကမ်းမဲ့ ရပ်တန့်ခဲ့တဲ့ အတွက် လိုက်ပါလာတဲ့ ခရီးသည်တွေ စိတ်အနှောက်အယှက် ဖြစ်ရပြီး
အခုည ၇ နာရီကျော်တဲ့ အထိ ကားလာရွှေ့ပေးသူ မရှိသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
MK-005
MeKongNews