အပြောအဆို ခံလိုက်ရပြီး ဘာမှပြန်မပြောခြင်းဟာလူကြီးဆန်ခြင်း တစ်မျိုးပါ

အပြောအဆို ခံလိုက်ရပြီး ဘာမှပြန်မပြောခြင်းဟာလူကြီးဆန်ခြင်း တစ်မျိုးပါ။အစော်ကားခံလိုက်ရပြီး ဘာမှပြန်မပြောခြင်းဟာခွင့်လွှတ်ခြင်း တစ်မျိုးပါ။
အထင်လွဲခံလိုက်ရပြီး ဘာမှပြန်မပြောခြင်းဟာသဘောထားကြီးခြင်း တစ်မျိုးပါ။စိတ်ထိခိုက်သွားပြီး ဘာမှပြန်မပြောခြင်းဟာစိတ်ရင်းကောင်းခြင်း တစ်မျိုးပါ။
အဖြစ်အပျက် အမှန်ဆိုတာအချိန်က စကားပြောသွားပါလိမ့်မယ်။မေတ္တာရဲ့ အအေးအနွေးဟာအချိန်ကသာ သက်သေပြသွားပါလိမ့်မယ်။
ဘာကိစ္စအတွက်ပဲဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနဲ့…ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မရှင်းပြပါနဲ့…
နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ်သလို…နားမလည်ချင်တဲ့ သူအတွက်ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်။
စကားပြောတတ်ဖို့ ၂နှစ် ပဲ သင်လိုက်ရပေမဲ့ပါးစပ်ပိတ်တတ်ဖို့ တစ်သက်တာ ကြိုးစားကြရမယ်။
လောက နိယာမအရ… အနစ်နာခံတဲ့လူဟာနောက်ဆုံးမှာတ ကယ်မနစ်နာသလိုငြင်းခုံမှုမှာ အရှူံးပေးတဲ့ သူဟာလည်းနောက်ဆုံးမှာ တကယ် မရှူံးပါဘူး
#Peace✌️