ကိုယ့်ရဲ့ ရလိုမှု တခုနဲ့ အသက် ၉၇ နှစ်ရွယ် အဘွားအိုကို ဒုက္ခမပေးကြပါနဲ့တော့…😔

ကိုယ့်ရဲ့ ရလိုမှု တခုနဲ့ အသက် ၉၇ နှစ်ရွယ် အဘွားအိုကို ဒုက္ခမပေးကြပါနဲ့တော့…😔
အသက် ၉၇ နှစ် အဘွားကို သမီးအရင်းတွေက ကုတင်ပေါ်ကနေ အတင်းဆွဲခေါ်သွားရတဲ့ အကြောင်းရင်း
လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက အသက် ၉၇ နှစ်အရွယ် အဘွားကို သမီးအရင်းတွေက ကုတင်ပေါ်က အတင်းဆွဲချပြီး အိမ်ခေါ်သွားတဲ့ ဗီဒီယိုဖိုင် တခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး အမွေကိစ္စ ပြဿနာ ဖြစ်ကြတယ်လို့ လူမှုကွန်ရက် သုံးစွဲသူတွေက ထင်ကြေးတွေ ပေးနေကြပါတယ်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မိသားစုဝင်တဦးရဲ့ ဖြေရှင်းချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်-
အမွေကိစ္စဖြစ်နေကြတာလားမေးကြလို့ အမွေကိစ္စဖြစ်နေကြတာမဟုတ်ပါဘူးခင်ဗျာ။
အဖွားကကျန်းမာရေးကောင်းထဲက သားသမီးတွေကို အမွေတွေခွဲပေးပြီးသားပါ။ ဒါပေမဲ့ အဖွားအိမ်ကိုတော့ခွဲပေးတဲ့ထဲမပါဘူး။
အခုအဖွားအိမ်ကလည်း ညီအစ်မ ၃ ယောက် မလိမ့်တပတ်လုပ်ပြီး ယူပြီးကြပါပြီ။ အဖွားမှာ ဘာဆိုဘာမှကို မကျန်တော့တာပါ။
အခုက သားဖြစ်သူက အမေအတွက် စဉ်းစားပြီး ပထမတစ်ခါက ခေါ်ထားပြီးပြီ။ ပြန်လာခေါ်သွားပါတယ်။
အခုတခါက အဖွားကအိမ်ကို အခု ဗီဒီယိုထဲက သမီးနဲ့ လိုက်လာရင်း ပြန်ဖို့ခေါ်တော့ မလိုက်ချင်သေးဘူးပြောလို့ နေခိုင်းခဲ့တာပါ။
အဖွားကိုယ်တိုင်ကလည်း နေချင်တာမို့ ကျနော်တို့လည်း အဲ့လောက်ပြဿနာတက်လိမ့်မယ်လည်း မထင်ဘူး။
သူ့သားအိမ်မှာနေချင်တာ ရန်ကုန်မှာနေတဲ့သူက ဘာလို့အဲ့လောက်ဖြစ်နေတာလဲ။
မသမာတာတွေပေါ်ကုန်မှာစိုးလို့လား အရင်ကရှေ့နေဆိုတော့ ဥပဒေအကြောင်းနားမလည်တဲ့သူတွေကို ဘယ်လိုမလိမ့်တပတ်လုပ်ခဲ့လို့ ဘာတွေကြောက်နေရတာလဲ။
(အဖွားနားမှာနေတဲ့ အိမ်အကူကိုလည်း သတိပေးလိုက်မယ်။ ခင်ဗျားပြောတဲ့စကားတွေအကုန် ခင်ဗျားတာဝန်ယူရမယ်။
ခင်ဗျားက ကိုယ့်နေရာကိုယ်မသိဘဲ မိသားစုမောင်နှမတွေကြားထဲ တစ်ယောက်ကို တစ်မျိုးပြောပြီး ရန်တိုက်ထားတာတွေ ကျုပ်အိမ်မှာပြောထားတာတွေ အကုန် Record ရှိပြီးသား ဖြေရှင်းဖို့ပြင်ထားပါ)
(Yar Zar)