ဖုန်းထဲမှာ App တွေ့တယ်ဆိုပြီး မန္တလေးမှာ ပြည်သူ လေးဦးထက်မနည်း ဖမ်…

ဖုန်းထဲမှာ App တွေ့တယ်ဆိုပြီး မန္တလေးမှာ ပြည်သူ လေးဦးထက်မနည်း ဖမ်…

မန္တလေးမြို့အနှံ့ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စုက လက်ကိုင်ဖုန်းထဲ NUG ၊ PDF နှင့် ဆက်စပ်တဲ့

အက်ပလီကေးရှင်း (App) တွေ တွေ့ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယခုတစ်ပါတ်အတွင်း မြို့ခံပြည်သူ လေးဦးထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ သတင်းရရှိပါတယ်။

NUG Pay၊ Click 2 Donate ၊ PDF Game စတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF တွေကို ရံပုံငွေ အကူအညီ အထောက်အပံ့ ရစေနိုင်တဲ့ App တွေ ဖုန်းထဲမှာ တွေ့တယ်ဆိုပြီး စစ်အုပ်စုက ပြည်သူတွေကို ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

ဒီဇင်ဘာ (၁)ရက်ကနေ ဒီနေ့အထိ တစ်ပတ်အတွင်း မန္တလေးမှာ ထောက်ပို့ App တွေ့လို့ ဖမ်းဆီးထားတဲ့ အမျိုးသား သုံးဦးရှိတယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

“အသိတစ်ယောက်က အလုပ်ကိစ္စနဲ့ သွားလာရင်း လမ်းမှာ ခွေးတွေက ဖုန်းကို စစ်ဆေးပြီး ထောက်ပို့လုပ်တဲ့ အပ်ပလီကေးရှင်း တွေ့လို့ဆိုပြီး ဖမ်းထားတယ် “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မူးရူးနေတဲ့ စစ်အုပ်စုဟာ မန္တလေးမြို့ အဝင်၊အထွက်နှင့် မြို့တွင်းလမ်းမတွေမှာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ သောင်းကျန်းနေပြီး သူတို့တောင်းတဲ့ငွေ မပေးနိုင်သူတွေ အပါအဝင်

ဒေသခံပြည်သူတွေကို အကြောင်းပြချက် မျိုးစုံနဲ့ စိတ်ထင်တိုင်း ဖမ်းဆီးနေတာ ဖြစ်ပြီး ငွေပေးပြီး ရွေးထုတ်နိုင်သူတွေ ပြန်လွတ်ပေမယ့် ငွေမနေိုင်သူတွေကတော့ ဖမ်းဆီးထောင်ချ ခံရကာ တချို့လည်း စစ်ကြောရေးမှာ အသတ်ခံနေရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

မန္တလေးမှာ ပြီးခဲ့တဲ့ သင်္ကြန်ကာလနောက်ပိုင်း မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေ တဖြည်းဖြည်း လျော့နည်းလာသချိန် စစ်အုပ်စုနှင့် ပျူတွေ ပိုမိုကြီးစိုး သောင်းကျန်းလာကာ ပြည်သူကို ပိုမို အကြမ်းဖက် ဖိနှိပ်လာပြီး နေ့၊

ည အချိန်မရွေး ဖမ်းဆီး ငွေညှစ်တာ၊ သတ်ဖြတ်တာ၊ စစ်အာဏာသိမ်းပြီးနောက် ပိတ်ထာရတဲ့ ရပ်ကွက်ရုံးတွေ ပြန်ဖွင့်ပြီး စစ်အုပ်စုနဲ့ ပျူတွေ ရုံးထိုင်ကာ ရပ်ကွက်ထဲ ဧည့်စာရင်းတိုင်ခိုင်းတာတွေ ရှိလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *