ပရိသတ်တွေအားလုံး မျှော်လင့်တကြီးစောင့်ဆိုင်းနေကြတဲ့ ကချင်သားကြီး အောင်လပွဲကို ကြေညာလိုက်ပါပြီ

One Championship ကတော့ အောင်လပွဲကို ကြေညာလိုက်ပြီဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးက ပရိသတ်တွေအားလုံး မျှော်လင့်တကြီးစောင့်ဆိုင်းနေကြတဲ့ ကချင်သားကြီး အောင်လအန်ဆန်းဟာ လာမည့် ဇန်နဝါရီလ 13 ရက်နေ့တွင် ကျင်းပမည့် ONE on Prime Video 6 ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်းကဖိုက်တာတစ်ဦးနဲ့ တွဲဆိုင်းတစ်ခု ရရှိသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပါတယ်။
သူ့ရဲ့ပြိုင်ဖက်ကတော့ ကျွန်တော်တို့တွက်ဆထားသလို ရုရှားဖိုက်တာ မဟုတ်ဘဲ တရုတ်ဖိုက်တာ Fan Rongဖြစ်ပါတယ်။
Fan Rong ကအောင်လနဲ့ မတွေ့ရသေးပေမယ့် ဗစ်ဒက်ရှ်ရော ၊ ရိုင်နီယာရောကိုတော့ ချုပ်ကွက်နဲ့ ရှုံးနိမ့်ထားဖူးပါတယ်။ဒီဖိုက်တာရဲ့ ကစားဟန်ကို ပြောရရင်တော့ striking ရော grappling ရောအတိုင်းအတာတစ်ခုအထိမျှပေမယ့် အရမ်းကြီး စွမ်းဆောင်ရည်ကောင်းတာမျိုးတော့မဟုတ်ပါဘူး။
ဖန်ဝေါင်းဟာ ပရော်ဖက်ရှင် MMA ကစားသမားဘဝမှာ ပွဲပေါင်း 22 ပွဲ ထိုးသတ်ထားပြီး 19 ပွဲထိ အနိုင်ရရှိအောင် ကစားထားနိုင်တာကြောင့် သူ့ရဲ့စွမ်းဆောင်ရည်ဟာ နိမ့်ပါးတဲ့ဖိုက်တာမျိုးတော့ မဟုတ်ပါဘူး။ သို့ပေမယ့် သူဟာ ပွဲဝေးနေတာကြာပြီဖြစ်တာကြောင့် ဒီတစ်ကြိမ် ကြိုးဝိုင်းထဲပြန်ရောက်ချိန်မှာ ယခင်ကလို စွမ်းဆောင်ရည်မျိုးပြန်လည်ရရှိလာမလားဆိုတာ စိတ်ဝင်စားစရာပါဘဲ။
အောင်လအန်ဆန်းသည်လည်း ဖေဖော်ဝါရီလက ဗစ်တလီဘစ်ဒက်ရှ်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်းကတည်းက သူ့ရဲ့အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ၊ ပြီးခဲ့တဲ့ ယူရှင်အိုကာမီနဲ့ပွဲမှာတော့ ပုံစံကောင်းအချို့ကို ပြသနိုင်ခဲ့ပြီး ပထမအချီမှာဘဲ အနိုင်ယူပြနိုင်ခဲ့ပါတယ်။
ONE Championship ဟာ တစ်ချိန်က ၎င်းတို့အဖွဲ့အစည်းရဲ့ပုံရိပ်မြင့်မားခဲ့တဲ့ ဖိုက်တာတစ်ဦးကို စင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိစေလိုပြီး ယူရှင်အိုကာမီကို အနိုင်ယူပြီးကတည်းက အောင်လအန်ဆန်းကို နောက်တစ်ပွဲ အမြန်ဆုံးတည်ပေးမည်ဖြစ်ကြောင်း ဖွင့်ဟထားခဲ့တာဖြစ်ပါတယ်။ အောင်လအနေဖြင့် ယခုပွဲကိုသာ အနိုင်ရရှိမည်ဆိုပါက မစ်ဒယ်ဝိတ်တန်းရဲ့ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ရဖို့ သေချာသလောက် ရှိပါတယ်။
ပွဲကတော့ ဇန်နဝါရီလ (၁၃) ရက်နေ့ပါ။
အောင်လအန်ဆန်းနဲ့ တရုတ်ဖိုက်တာ ဖန်ဝေါင်းတို့ရဲ့ တွဲဆိုင်းအပေါ် ဘယ်လိုထင်မြင်ပါသလဲ။ အကယ်၍ ပွဲဖြစ်လာခဲ့မည်ဆိုရင်ရော အောင်လတစ်ယောက် ထပ်မံအနိုင်ရရှိသွားလိမ့်မည်ဟု ထင်ပါသလားခင်ဗျာ။
ညီအကိုတို့ရော ဒီပွဲကို ဘယ်လိုမြင်ကြလဲဗျ ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားပါအုံးဗျ။ crd