လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှစတင်ပြီး ထူးကဲအအေးပိုလာမယ့် ဒေသများကို ထုတ်ပြန်ပေးလိုက်တဲ့ မိုးလေဝသဆရာမလေး စုစုစံ

လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှစတင်ပြီး ထူးကဲ အအေးပိုလာမယ့် ဒေသများအတွက် မိုးလေဝသဆရာမလေး စုစုစံမှ ထုတ်ပြန်ပေးထားပါတယ်။

ထုတ်ပြန်ချက်အရ ” ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တနင်္သာရီတိုင်းဒေသကြီး အစရှိတဲ့ ဒေသတွေမှာ ထူးကဲအအေးပိုနိုင်ပါတယ်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဒေသတွေမှာလည်း ညအပူချိန်များကျဆင်းလာဖွယ်ရှိပါတယ်။

ဒီဇင်ဘာ ၁၈ ရက် ၁၉ ရက်နေ့တွေမှာ ချင်းပြည်နယ်နှင့် ထီးလင်း ဂန့်ဂေါ ကလေး မော်လိုက် ခမ်းပတ် တမူး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသများတွင် မိုးရွာနိုင်ပြီး အအေးပိုလာပါလိမ့်မယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မုံရွာ ဘုတလင် ကနီ မင်းကင်း ကလေးဝ ကလေး တန့်ဆည် ကျွန်းလှ ကန့်ဘလူ ထန်းတပင် ဇီးကုန်း ဒီပဲယင်း

ရေဦး ခင်ဦး ကျောက်မြောင်း ရွှေဘို ဟံလင်း ဝက်လက် ဆားတောင် အရာတော် ချောင်းဦး မြင်းမူ ရွာသစ်ကြီး နှင့် စစ်ကိုင်းမြို့တို့တွင် နေရာကွက်ကျား ထစ်ခြူန်းမိုးတွေအနည်းငယ်ရွာနိုင်ပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဧရာဝတီတိုင်း ပုသိမ်ခရိုင် လပွတ္တာခရိုင် ဖျာပုံခရိုင် မအူပင်ခရိုင်
မွန်ပြည်နယ် ရေးခရိုင် သထုံခရိုင် ပဲခူးတိုင်း ပဲခူးခရိုင် ညောင်လေပင်ခရိုင်နှင့် ရန်ကုန်တိုင်းဒေသတွေမှာ နေရာကွက်ကျားထစ်ခြုံးမိုးရွာနိုင်ပါတယ်။

၂၀၂၂ ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုန်တိုင်းငယ်တစ်လုံးဖြစ်ပေါ်လာနိုင်ပြီး

သိရိလင်္ကာနိုင်ငံနှင့် အိန္ဒယနိုင်ငံတောင်ပိုင်းကိုဝင်ရောက်တိုက်ခိုက်နိုင်ပါတယ” ဆိုပြီး ထုတ်ပြန်ပေးထားပါတယ်။

Source: Su Su San

Leave a Reply

Your email address will not be published. Required fields are marked *