ဝေဇယန္တာလမ်း နှင့် ရတနာလမ်းထောင့်၌ ယာဥ်တိုက်မှုဖြစ်ပွား၍ ယာဥ်တစ်စီးမီးလောင်…

ဝေဇယန္တာလမ်း နှင့် ရတနာလမ်းထောင့်၌ ယာဥ်တိုက်မှုဖြစ်ပွား၍ ယာဥ်တစ်စီးမီးလောင်…

ရတနာလမ်းထောင့် မီးပွိုင့်၌ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ယာဥ်တစ်စီးမီးလောင်ခဲ့သည့် ဖြစ်စဥ်တွင် ဒဏ်ရာရရှိသူ ၅ ဦးအထက် ရှိကြောင်း သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ဥက္ကလာပမြို့နယ်၊ဝေဇယန္တာလမ်း နှင့် ရတနာလမ်းထောင့် မီးပွိုင့်၌ ယာဥ် ၃ စီးတိုက်မှုဖြစ်ပွားခဲ့ပြီး ယာဥ်တစ်စီး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ ၁၄ ရက်၊ သန်းခေါင်ယံ ၁၂ နာရီ ၅ မိနစ်ခန့်က တောင်ဥက္ကလာပမြို့နယ်၊ (၁၁)ရပ်ကွက်၊ ဝေဇယန္တာလမ်း နှင့် ရတနာလမ်းထောင့် မီးပွိုင့် အနီး၌ Alphard အိမ်စီးယာဥ်၊

Mark ll အိမ်စီးယာဥ်နှင့် လူနာတင်ယာဥ်တစ်စီးတို့ တိုက်မိခဲ့ပြီး Mark ll ယာဥ်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကဆိုသည်။

” ယာဥ်တိုက်မှုဖြစ်ပြီး ကားမီးလောင်သွားတာ မောင်းလာတာတွေက ၂၀ ကျော် လူငယ်လေးတွေကြီးပဲ၊ မီးသတ်ရောက်တာမြန်လို့ပေါ့ ၊

Mark ll ကတော့ မီးလောင်သွားတယ် တစ်စီးလုံး၊ Alphard လည်းတော်ထိသွားတယ် ၊အွကား လူကတော့ ၂ ဦး ထိသွားတယ် သိပ်မများပါဘူး” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၂ဦး ရှိခဲ့ကြောင်း ကနဦး သိရှိရသည်။

သတင်း၊ ဓာတ်ပုံ – ဂျူဂျူး
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *