ငလျင်ကြောင့် မျက်နှာကျက်များ ပြိုကျပြီး ကျောင်းဝန်းအတွင်းရှိ စေတီ စိန်ဖူးတော်မြေခ …

ငလျင်ကြောင့် မျက်နှာကျက်များ ပြိုကျပြီး ကျောင်းဝန်းအတွင်းရှိ စေတီ စိန်ဖူးတော်မြေခ …

ဒီဇင်ဘာ ၁၅

ငလျင်ကြောင့် မန္တလေး ပြည်ကြီးတံခွန်ရှိ ခန္တောတိုက် မဏိရတနာ ကျောင်းတိုက်မှ မျက်နှာကျက်များ ပြိုကျပြီး ကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေတီ စိန်ဖူးတော် မြေခခဲ့ကာ ပျက်စီး မှုရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယနေ့ နံနက် ၃ နာရီကျော်က အင်အား ၅.၂ အဆင့်ရှိတဲ့ မြေငလျင် မန္တလေးတိုင်း တံတားဦးမြို့ အရှေ့ဘက် ၄ မိုင်ကိုဗဟိုပြုပြီး

လှုတ်ခတ်ခဲ့တာလို့ မိုး/ဇလက ပြောကြား ထားသလို ယင်း ငလျင်လှုတ်ခတ်မှုကို မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ ပုလိပ် မြို့တွင် နေထိုင်သူများ သိသိသာသာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ငလျင်လှုတ်ခတ်မှုကြောင့် ပြည်ကြီးတံခွန်မြို့နယ် ခန္တောတိုက် မဏိရတနာ ကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေတီ၏ စိန်ဖူးတော်မြေခခဲ့သလို

မဏိရတနာကျောင်း တော်ကြီး၏ မျက်နှာကျက်များပြိုကျခြင်းနှင့်အတူ အခြား ပျက်စီးမှုအ ချို့ရှိခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

အလားတူ ငလျင်ကြောင့် မင်းကွန်း ခြင်္သေ့ကြီရုပ်ကြီးတွင် ယခင်က အက်ကြောင်းထပ်နေတဲ့ နေရာကနေ တစ်ခြမ်းပဲ့ကြခဲ့တယ်လို့လည်း ပြောပါတယ်။

အဆိုပါ ငလျင်လှုတ်ခတ်မှု ကို မြင်းခြံ၊ ဝမ်းတွင်း၊ သဲတော၊ မုံရွာ၊ မိုးကုတ် ၊ ရွှေဘို ၊စစ်ကိုင်း ၊ ပြင်ဦးလွင်၊နောင်ချို နှင့် တောင်ကြီးမြို့ဒေသခံတွေလည်း သိရှိခဲ့ကြတယ်လို့ ပြောပါတယ်။

Photo #CJ

Leave a Reply

Your email address will not be published. Required fields are marked *