ဘွဲ့ရပြီဖြစ်သော်လည်း အဖွားဖြစ်သူနှင့်အတူ အမှိုက်ကောက်ရင်း ဘဝအတွက် ရုန်းကန်နေရရှာသည့် ကောင်မလေး

ဘွဲ့ရပြီဖြစ်သော်လည်း အဖွားဖြစ်သူနှင့်အတူ အမှိုက်ကောက်ရင်း ဘဝအတွက် ရုန်းကန်နေရရှာသည့် ကောင်မလေး

ကျွန်ုပ်တို့လူသားများအားလုံးတို့သည် ငယ်စဥ်တည်းက ဘွဲ့တစ်ခုရရှိစေရန်အတွက်အချိန်ပြည့်ပေးပေးဆပ် ပြီး ကြိုးစားလာခဲ့ရတာဖြစ်ပါတယ်။

ဘွဲ့လက်မှတ်တစ်ခုကိုကြိုးစားပြီးရယူနိုင်ခဲ့သော်လည်း အလုပ်အကိုင်တစ်ခုရရှိရန်အတွက် ခက်ခဲနေကြပြီး ကြုံရာအလုပ်ကို လုပ်ကိုင်နေသူများစွာရှိနေပါတယ်။

ယခုတွင်လည်း ထိုင်းနိုင်ငံမှ အသက်၂၁နှစ်အရွယ်ကောင်မလေးသည် တက္ကသိုလ်မှဘွဲ့တစ်ခုရရှိခဲ့သော်လည်း အလုပ်လက်မဲ့ဘဝဖြင့်သာရှိနေခဲ့ရပါတယ်။

ဘဝစားဝတ်နေရေးအတွက် ပိုက်ဆံရှာဖွေရန်လည်း လိုအပ်နေတာကြောင့် အဖွားဖြစ်သူနှင့်အတူ အမှိုက်ကောက်ပြီး ဝင်ငွေရှာဖွေနေရပါတယ်။

အရွယ်ရောက်ကာစ မိန်းကလေးတစ်ယောက်အနေဖြင့် လမ်းဘေးတွင် အမှိုက်သိမ်းနေရတာကို ရှက်နေမှာ သေချာပေမယ့်လည်း

ဘဝ၏အခြေအနေကြောင့် အဖွားဖြစ်သူကို ကူညီရင်းကြိုးစားနေရရှာတာဖြစ်ပါတယ်။

Shoon (Cele Daily)

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed