မိမိအိမ်မျာပြုလုပ်လို့ရတဲ့ လွယ်ကူမြန်ဆန်တဲ့ရေခဲမုန့်လုပ်နည်း

အိမ်မှာလုပ်ကြည့်ရအောင်🤤( ဝါသနာ ပါသူတွေအတွက်)

ရေခဲမုန့်ကို နွားနို့နဲ့လည်းလုပ်လို့ရသလိုနို့မှုန့်နဲ့ လည်း လုပ်လို့ရပါတယ်။နွားနို့ဆိုရင် နို့စစ်စစ်နဲ့ပိုကောင်းပါတယ်။

နွားနို့စစ်စစ် ၁ ပိသာကို ဆူပွက်အောင်ကြို ပါ။နို့မှုန့် ဆိုရင် ဂရမ် ၂၀၀ကို ရေတစ်လီတာဘူးရှိတဲ့ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ဖျော်ပါ။

ကျောက်ကျောမှုန့် စတီးဇွန်း ၁ဇွန်း ပြောင်းဖူးမှုန့် စတီးဇွန်း ၂ ဇွန်းလောက်ကိုရေနည်းနည်းထည့်ပြီး အရည်ပျစ်ပျစ်ဖျော်ပါ။

ပြီးရင် ဆူပွက်နေတဲ့နို့အိုးထဲကိုလောင်းထည့်ပါသကြား စတီးဇွန်း ၅ဇွန်းနဲ့ဆားနည်းနည်းထည့်ပါ။မပြတ်မွှေပေးပြီး ပျစ်လာအောင် ကျို ပါ။

ပျစ်ပျစ်လေးဖြစ်လာရင် မီးဖိုပေါ်ကချပြီးအအေးခံပါ။
အေးတဲ့အခါ ရေခဲသေတ္တာ အပေါ်ကန့်မှာ၄နာရီလောက်ထည့်ပြီးအအေးခံပါ ။

ပြီးရင် ရေခဲသေတ္တာထဲကထုတ်ပြီးသစ်သီးမွှေစက် (Blender)ထဲထည့်ပြီးတစ်မိနစ်လောက်မွှေပါ။

တကယ်လို့ ချောကလက်ရေခဲမုန့်လိုချင်ရင်ချောက လက်မှုန့် စတီးဇွန်း ၁၀ဇွန်းထည့်မွှေပါ။

ဒူးရင်းသီးရေခဲမုန့်လိုချင်ရင် ဒူးရင်းသီးအသားထည့်မွှေပါ။အချိုးအဆမပေးပါဘူး။နည်းနည်းထည့်ရင်နည်းနည်းမွှေးမယ်။

များများထည့်ရင် များများမွှေးမယ်။နှစ်သက်သလောက်ထည့်နိုင်ပါတယ်။ရေခဲမုန့်အနေအထားကြည့်ပြီး ချင့်ချိန်ထည့်ပါ။

သီးစုံရေခဲမုန့်လိုရင်တော့ ကျောက်ဖရုံယို ၊ စပျစ်သီးခြောက် ၊သီဟိုဠ်စေ့ တို့ကိုမွှေပြီးမှ ထည့်ပါ။သမအောင် ဇွန်းနဲ့မွှေပါ။Blender ထဲထည့်မွှေရင် ကြေကုန်ပါမယ်။

ကိုယ်လိုချင်တဲ့ရေခဲမုန့်ကိုဥာဏ်ရှိရင် ရှိသလို ဆန်းသစ်တီထွင်နိုင်ပါတယ်။

မွှေပြီးရင် ရေခဲသေတ္တာအပေါ်ခန်း(ရေခဲခန်း)ထဲပြန်ထည့်ပါ။၈ နာရီပြည့်ရင် ရေခဲမုန့်ကောင်းကောင်းခဲပါပြီ။

မူရင်းရေးသားသူအားလေးစားစွား Credit ပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed