မန္တလေးမြို့ ၇၁လမ်း၃၀×၃၁လမ်းတွင် နေထိုင်သော အသက်(၅) နှစ်လေးလအရွယ် မောင်ဇွဲဝေယံ ထွန်း သားငယ်လေးအတွက်ပါ

ဆရာ လင်းညှို့တာရာရဲ့ ဟောကိန်းတွေ အရမ်းမှန်တယ်နော် ဖတ်ကြည့်ပါ။

မန္တလေးမြို့ ၇၁လမ်း၃၀×၃၁လမ်းတွင် နေထိုင်သော အသက်(၅) နှစ်လေးလအရွယ် မောင်ဇွဲဝေယံ ထွန်း သားငယ်လေးအတွက်ပါ။

သားငယ်လေးကို ဖြားယောင်းသွေးဆောင် သွားသူမှာ အမျိုးသမီးတစ်ယောက် ခေါင်းဆောင်သော လူလေးယောက် ပါဝင် ပါသည်။ ယနေ့အချိန်ထိ သက်ရှိထင်ရှားရှိနေ သေးပြီး မန္တလေးမြို့ ထဲမှာပင် ရှိနေတာကို ခံစားမိပါတယ်။ မြစ်အနီး ချောင်းအနီး ရေကန် အနီးအနားတွင်ရှိသော ပန်းခြံ ပန်းမန်များရှိ သောအိမ်တစ်အိမ်ထဲတွင် လတ်တလော တည်ရှိနေကြောင်း ခံစားမိပါတယ်။

ခေါ်ဆောင်သွားသောအမျိုးသမီးသည် တရုတ် သွေးစပ်ပြီး အသားဖြူ၍ ပိန်ပိန်ရှည်ရှည်ဟု ခံစားမိပါသည်။ ရွေ့ပြောင်းမရသေးသဖြင့် မ ရွေ့ပြောင်းသေးတာကိုလည်း တွေ့ရပါသည်။ ယနေ့ ၁၅ ရက်နေ့ကနေ စပြီး နောက်ထပ် ခြောက်ရက်အတွင်း ကလေးနှင့်ပတ်သက် သော ထူးခြားမှု ရှိလာတတ်ပါတယ်။

ကလေး မှာ မေ့ဆေးပေးထားသကဲ့သို့ မျောနေသည့် လက္ခဏာမျိုး တွေ့ နေရသဖြင့် ပြေးပြေးလွှား လွှား ရှိနိုင်သောအခြေအနေမျိုးကို မခံစားမိ ပါ။

မိဘများအနေနဲ့ လုပ်ဆောင်သင့်သောယတြာ များကို ပြောပြရမယ်ဆိုရင်ဖြင့် – သားလေး ဖြစ်သူ ၏ အဝတ်အစားတစ်စုံအား အိုး တစ်လုံးထဲကို ထည့်ပေးပါ။ ထိုအိုးပေါ်တွင် လင်ပန်းတစ်ချပ်တင်ကာ ရေခွက်ခြောက်ခွက် တင်ပါ။ ရေခွက်သည် ကွဲလွယ်သောရေခွက်မ ဖြစ်ဘဲ စတီးခွက် ကြေးခွက် သတ္တုခွက်များ 6 ဖြစ်ရပါ့မည်။

ထိုရေခွက်ထဲကို ရေထည့်၍ ” ဒီရေကို ဆန္ဒာမူ ရတီမယ်တော်အား ကပ်ပါ၏။ လက်ခံပေး တော်မူ၍ သားငယ်အား ကျွန်တော် ကျွန်မတို့ ရင်ခွင်ထဲကို ပြန်လည်ရောက်ရှိစေရန်အတွက် ကူညီပေးပါ။

အန္တရာယ်ကင်းဘေးရှင်းပြီး အဆင်ပြေပြေနဲ့ ပြန်ရောက်ရှိနိုင်အောင်ရော သားငယ်နှင့်ပတ်သက်သော သတင်းများ အချက်အလက်များ ရရှိနိုင်ရန်အတွက် ကူညီ ပေးတော်မူပါ ” ဟူ၍ ဆုတောင်းပေးပါ။

တစ်နေ့ကို သုံးကြိမ်တိုင်တိုင် လုပ်ပေးပါ။ လုပ် ပြီးသမျှ ရေခွက်ထဲက ရေကို ရေအိုးထဲကို သွန် ချ၍ ဆုတောင်းပေးပါ။

မိဘမဟုတ်သောသူများလုပ်ဆောင်သင့်သည့် မှာ ကောင်လေး ၏ ပုံကို ကြည့်၍ ” ကလေးကို ချစ်သောနတ်များ ငယ်ရွယ်ခြင်းကိုချစ်သော ပုဂ္ဂိုလ်များစွာနှင့်တကွ ဆန္ဒာမူရတီမယ်တော် ကြီး စောင့်ရှောက်ပေးပါစေသား

ဒီသားငယ် လေးအား မိသားစုနဲ့ အမြန်ဆုံးတွေ့ ဆုံရရှိစေ ရန်အတွက် ကူညီ၍ သတင်းကောင်းကြား ရအောင် လမ်းကြောင်းဖွင့်ပေးနိုင်ပါစေ ” ဟူ၍ ဆုတောင်းပေးပေးပါလေဗျာ။

ကျွန်တော်လည်း ကျွန်တော်တတ်သောပညာ ဖြင့် အမြန်ဆုံးမိသားစုနဲ့ ဆုံတွေ့နိုင်ရန်အတွက် လည်း ဆိုင်ရာအစီရင်များ လုပ်ဆောင်ပေးနေ ပါသည်။ အဆင်ပြေကြပါစေ။ မိဘများကို ကိုယ်ချင်းစာလှသဖြင့် ကျွန်တော့်တတ်သော ပညာရပ်ဖြင့် ကူညီပေးခြင်းဖြစ်ပါသည်။ (လင်းညှို့တာရာ)

Leave a Reply

Your email address will not be published. Required fields are marked *