ရဲအယောင်ဆောင်၍ သိန်း(၁၅၀)ပေးရမည်ဟု ငွေညှစ်သူလေး…

ဒီဇင်ဘာ ၁၆၂၀၂၂
အမှုဖြစ်စဥ်မှာ ၁၅.၁၂.၂၀၂၂ရက်နေ့ကရှမ်းပြည်နယ်၊တောင်ကြီးခရိုင်၊အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်ရှိ ကားဝပ်ရှော့တစ်ခု၌ ပင်းတယမြို့နယ်၊
ကျုံးရဲစခန်းမှ ရဲဝန်ထမ်းများဟု ပြောဆိုကာရဲမြင့်ဦး၊ မင်းမင်းခန့်၊ကျော်ဝင်းလှိုင်၊ ခန့်သင်းအောင်ဆိုသူ(၄)ဦးမှာ 9C-4913 MARK II ကားဖြင့် ရောက်ရှိလာပြီး ကားလာရောက်ပြင်သူ ပိုင်သူရ၊ချမ်းမြသာစည်မြို့နယ်၊
မန္တလေးတိုင်းဒေသကြီး နေထိုင်သူအား သတင်းအရ စစ်ဆေးရန်ရှိသည်ဟု ဆိုကာ လက်ထိပ်ခတ်၍ ခေါ်ဆောင်သွားခဲ့ပြီး ပိုင်သူရမောင်းနှင်သည့် ကားပေါ်တွင် ဥပဒေနှင့်မလွတ်ကင်းသော သစ်များ သယ်ဆောင်လာခဲ့သည်ကို သတင်းရရှိ၍
ဖမ်းဆီးကြောင်းနှင့် မရှင်းလင်းနိုင်ပါက ထောင်ချပစ်မည်ဟုကားပိုင်ရှင်ထံဖုန်းဆက်၍ အဖမ်းမခံလိုပါက သိန်း(၁၅၀)ပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်းသိရသည်။
ပိုင်သူရ၏ သူငယ်ချင်းဖြစ်သူမှ အောင်ပန်းရဲစခန်းသို့ ဆက်သွယ်အကူအညီတောင်းခံသဖြင့် ရဲတပ်ဖွဲ့ဝင်များမှသွားရောက်စစ်ဆေးရာ ရဲဝန်ထမ်း အယောင် ဆောင်သူများဖြစ်ကြောင်းသိရပြီးဖမ်းဆီးခဲ့ကြောင်းသိရသည်။
ရွှေနေကြာ