၅နှစ်အချိန်ကာလ ကြာမြင့်ပြီဖြစ်တဲ့ လည်ပင်းကြီး ရောဂါ ကိုတောင် ပျောက်ကင်းစေတဲ့ သဘာ၀ဆေးနည်း

လည်ပင်းကြီးရောဂါ…တဖြည်းဖြည်း ကြီးလာတာ ၅ နှစ် ရှိပြီဟုပြောပါသည်။မန္တလေးမြို့စိန်ပန်းရပ်မှဖြစ်ပါသည်။ အင်္ဂလိပ်ဆေးလည်းနေ့စဉ်စားနေပါသည်။

လက်လုပ်လက်စားဖြစ်၍.စစ်ကိုင်းသီတဂူဆေးရုံသို့သွားပြသည်..ပေးသည့်ဆေးကိုနေ့စဉ်တစ်ကြိမ်စားရသည်ဟုဆိုသည်။ဆေးကလည်းစျေးမကြီးပါ။ စားခဲ့တာတစ်နှစ်ကျော်။

သိပ်လည်းမထူးခြားအနည်းငယ်ပိုကြီးလာသည်ထင်သည်ဟုဆိုသည်။အဘယ့်ကြောင့်တိုင်းရင်းဆေးခန်းလာပြရသလဲ..မေးကြည့်သောအခါ..

ဆရာ့ဆေးခန်းကဆေးနဲ့ပျောက်သွားတဲ့အဒေါ်ကြီးတစ်ယောက်နဲ့တွေ့ခဲ့လို့ဟုပြေသည်။

ဆရာကလည်ပင်းကြီးမကုဖူးပါဟုပြောသည်။ ပျောက်သူအဒေါ်ကြီးကကိုယ်တိုင်ပြောသည်။စစ်ကိုင်းနယ်ဖက်မှဖြစ်သည်။

ဒူးနာ၍မန္တလေးဘုန်းကြီးကျောင်းတစ်ကျောင်းတွင်တည်းကုရန်အမျိုးဘုန်းကြီးကခေါ်ကုပေးခြင်းဖြစ်သည်။ဆရာ့ထံတွင်ကုသရင်းရောဂါမှာဒူးနာဖြစ်သော်လည်း..

တောရွာများတွင်ဖြစ်လေ့ရှိပြီးကုသလေ့မရှိကြသော.လည်ပင်းကြီးဖြစ်နေသည်ကိုဆရာကတွေ့သဖြင့်..ပျောက်လိုပျောက်ငြားလိမ်းကြည့်ပါဟုဆေးမြစ်ကလေးပေးလိုက်ပါသည်။

ကျားမနိုင်ဆေးမြစ်ဟုခေါ်ပါသည်။လည်ပင်းတွင်လိမ်းရာသက်သာပြီးအသက်ရှူကောင်းလာသဖြင့်ရေရှည်နေ့စဉ်လိမ်းပါသည်။

ရွှေစာရံဘုရားပွဲတွင်ဆရာပေးလိုက်သည့်ဆေးမြစ်မျိုးရောင်းသည်ကိုတွေ့သဖြင့်များများ၀ယ်ထားပြီးဆက်လိမ်းပါသည်။

အကုန်အစင်ပျောက်သွားပြီဟုမဆိုနိုင်သော်လည်း.သူ့လည်ပင်းမှာကြည့်ပျော်ရှုပျော်အနေအထားသို့ရောက်လာကြောင်းပြောပြ၍လာပြသည်ဟုပြောပါသည်။

အိုင်အိုဒင်းဓာတ်ချို့တဲ့၍ဖြစ်သည်ဟုဆိုသောလည် ပင်းကြီးရောဂါမှာ..ပင်လယ်နှင့်ဝေးသောအရပ်ဒေသများတွင်အဖြစ်များပါသည်။

ကျားမနိုင်သည်နွယ်ပင်ကြီးဖြစ်ပါသည်။ထက်ပိုင်းဖြတ်လိုက်သောအခါထိပ်တွင်.ကျားခြေရာကဲ့သို့ပုံပါသဖြင့်ကျားမနိုင်ဆေးနွယ်မြစ်ဟုခေါ်ခြင်းဖြစ်သည်။

ရွှေစာရံဘုရားပွဲတွင်တောထွက်တောင်ထွက်ဆေးပင်ဆေးမြစ်ရောင်းချသူများက..ရိုးရာဆေးအသုံးအဖြစ် မျက်စိနာလျှင်သွေးကွင်းနိုင်သည်။၀က်ခြံဖုများပျောက်သည်။

အပူဖု အကျိတ်များကြေသည်။အအေးဆေးမြစ်ဖြစ် သည်..အပူမလောင်ပါ။အရောင်ကျစေသည်.သက်တံ့နာကိုပင်နိုင်သည်။

အပြင်ထွက်သည့်လိပ်ခေါင်းကိုပင်သွေးလိမ်းလျှင်ပျောက်သည်ဟုပြောရောင်းကြသည်ကိုတွေ့ရပါသည်။

အနောက်တိုင်းဆေးနှင့်ပင်တစ်သက်လုံးဆေးစားရမည့် အိုင်အိုဒင်းချို့တဲ့လည်ပင်းကြီးရောဂါအတွက်.တန်ဘိုးမကြီးသောရိုးရာဆေးနည်းတိုဖြင့်.မပျောက်သည့်တိုင်.

သက်သာပြီးကြည့်ပျော်ရှုပျော်ဖြစ်သွားသည်ဆိုလျှင်…တင်ပြရသည့်အတွက်..ကုသိုလ်ရမည်ထင်ပါသည်။

ကြည်လွင်မြင့်(မုဒြာ)…၃၁.၅.၂၀၁၆။

Credit : မူရင်းရေးသားသူ
#KhinThanOo ပြန်လည်မျှဝေသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed