A4 ကျော်စွာ ကို ပြန်ကူညီဦးမယ်လို့ပြောလာတဲ့ အဆိုတော် ယုန်လေး

A4 ကျော်စွာ ကို ပြန်ကူညီဦးမယ်လို့ပြောလာတဲ့ အဆိုတော် ယုန်လေး
A4 ကျော်စွာ အကြောင်းလာလာပြကျလိုတကယ် စိတ်မကောင်းပါဘူး.အဆက်သွယ်လုပ်လို့ရတဲ့ ကိုမိုးမာန်
နဲ့ ချိတ်ဆက်မိပါပြီ.
ဒုက္ခ ရောက်နေတဲ့ လူကိုတော့ အပြစ်တွေထပ်မပြောချင်တော့ဘူး. Min Z ဘာလို့ ဒုက္ခမရောက်ပဲအနုပညာသမားအဖြစ် အခုဆက်ပြီးရပ်တည်လို့ရလဲ. ထားပါ..
ကူညီခဲ့တာ အများကြီးပါ. လူတိုင်းဘဝ တွေလည်း တကယ်မြင့်ခဲ့တာပဲလေ.အမြဲတန်း အတွက် မမျော်လင့်ဖို့ကူညီပေးခဲ့ ဖူးသူတိုင်းကိုပြောဖူးပါတယ်.
ဆေးအရင်ကုဖို့ စီစဉ်မယ်. စားဝတ်နေရေး ဆိုလည်း
တွန်းလှည်းနဲ့ အစားသောက်ရောင်းပေါ့အရင်းနှီး ပြန်ကူညီပါ့မယ်.
အလုပ်မလုပ်ချင်လို့တော့မရဘူးလေ.လူတိုင်း လူတိုင်း အလုပ်လုပ်ရတယ်လေ. မူးယစ်ဆေးနဲ့ ဝေးဝေးနေပြီး
လိမ်မာဖို့တော့ လိုတာပေါ့.
ကျွန်တော် အများကြီး မပြောချင်တော့ဘူး.လူတိုင်းကို စေတနာ နဲ့ ကူညီခဲ့တယ်.အကုန် Level တစ်ခုရောက်ခဲ့တဲ့ လူတွေကြီးပဲ.
ကျော်စွာ လည်း အခြေနေတစ်ခုပြောင်းခဲ့ပါတယ်.ဘာကြောင့် ဒီလိုပြန်ဖြစ်လဲ ဆိုတာ သူအသိဆုံးပေါ့.
Yone Lay