လှည်းတန်း၌ အမျိုးသမီးကြီးတစ်ဦးကို ကားဖြင့်တို က်ပြေး အမျိုးသမီးကြီးမှာ နေရာ၌ပင်‌ေ သ ဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း အင်းစိန်လမ်းမပေါ်၌ ယမန်နေ့ ညပိုင်းက လမ်းသွားလမ်းလာ အမျိုးသမီးကြီးတစ်ဦးအား

ယာဥ်ဖြင့် တိုက်မိ၍ ထွက်ပြေးသွားသူအား ရှာဖွေနေပြီး ၎င်းအမျိုးသမီးကြီးမှာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၇ ရက် ည ၈ နာရီ ၂၀ မိနစ်ခန့်က အင်းစိန်လမ်းမအတိုင်း လှည်းတန်းမီးပွိုင့်မှ အရှိန်ပြင်းစွာမောင်းနှင်လာသည့် Honda Airwave အမျိုးအစား ယာဥ်သည် အင်းစိန်လမ်းမ၊

စံရိပ်ငြိမ် ၁ လမ်းအနီး၌ လမ်းသွားလမ်းလာ အမျိုး သမီးကြီးတစ်ဦးကို တိုက်မိပြီး မောင်းပြေးသွားကြောင်းသိရသည်။

” လမ်းသွားနေတဲ့ အဖွားကိုတိုက်ချသွားတာ လေပေါ်ပါပျံတက်ပြီး တစ်ဖက်ကားလမ်းမပေါ်ရောက်သွားတဲ့ အထိပဲ၊ တိုက်တာနဲ့တန်းသေသွားတာ စိတ်တည်း တောင်မကောင်းဘူး

အရုပ်လေး တစ်ရုပ်လေပေါ်တက်သွားသလိုဘဲ၊ မောင်းလာတဲ့အရှိန်တော်တော်ပြင်းတယ်” ဟု အင်းစိန်လမ်းပေါ်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

သေဆုံးသူအမျိုးသမီးမှာ ပြင်းထန်စွာယာဥ်တိုက်ခံရသည့် အရှိန်ကြောင့် လမ်းတစ်ဖက်သို့ လွှင့်ထွက်သွားကာ ဦးခေါင်းထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း​သိရသည်။

ယာဥ်တိုက်မှုဖြစ်ပြီး မောင်းပြေးသွားသည့် ယာဥ်အမျိုးအစားနှင့် ယာဥ်နံပတ်အားသိရှိထားပြီး တိုက်ပြေးသွားသူအား ဆက်လက်စုံစမ်းလျက်ရှိကြောင်းသိရသည်။

ဂျူဂျူး
ဓာတ်ပုံ- Dana
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *