ယနေ့ပြည်တွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနှင့် စားအုန်းဆီ ဈေးနှုန်းများ

မေဘယ်လ်သူ(မဇ္ဈိမ)။ ။ပြည်တွင်းရှိ ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီ နှင့် စားအုန်းဆီများ၏ ယနေ့ ဒီဇင်ဘာလ ၂၀ရက်နေ့ ရည်ညွှန်းဈေးနှုန်းများနှင့် ပြင်ပပေါက်ဈေးများကို အောက်ပါအတိုင်း စုစည်းဖော်ပြထားပါသည်။
ထိုသို့ ရည်ညွှန်းဈေးနှုန်းများကို ဖော်ပြရာတွင် ယခင်ရက် ပြင်ပဈေးနှုန်းများနှင့် နှိုင်းယှဉ်၍ ဈေးနှုန်းကွာခြားချက်များကိုပါ သိရှိနိုင်ရန် ထည့်သွင်းဖော်ပြထားသည်။
ပြင်ပအခေါက်ရွှေဈေးနှုန်းများမှာ ယမန်နေ့ ဒီဇင် ဘာလ ၁၉ရက်နေ့တွင် ၂,၆၆၅,၀၀၀ ကျပ်ဖြစ်ပြီး ယနေ့ဈေးနှုန်းဖြင့် နှိုင်းယှဉ်ကြည့်ပါက ကျပ်ငါးထောင်ခန့် ဈေးတက်သွားကြောင်း သိရသည်။ (ပြင်ပရွှေဆိုင်များမှ ဈေးနှုန်းများကို ရယူထားပါသည်။)
ပြင်ပဒေါ်လာလဲလှယ်နှုန်းထားများမှာ ယမန်နေ့ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် ၂,၇၀၀ကျပ်ဖြစ်၍ ယနေ့ပေါက်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ကြည့်ပါက ၁၀၀ကျပ် ဈေးတက်သွားကြောင်း သိရသည်။
(ပြင်ပငွေလဲကောင်တာများနှင့် ဒေါ်လာအရောင်း အဝယ်ပြုလုပ်သူများထံမှရယူထားခြင်း ဖြစ်ပါသည်။)
ပြင်ပစက်သုံးဆီ ဈေးနှုန်းများမှာ ယမန်နေ့ ဒီဇင် ဘာလ ၁၉ရက်နေ့ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ကြည့်လျှင် ၉၂ တစ်လီတာလျှင် ၁၀ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၅ကျပ်၊
ဒီဇယ်ဆီနှင့် ပရီမီယံဒီဇယ်ဆီတစ်လီတာလျှင် ၉၅ကျပ်စီ အသီးသီးဈေးကျသွားကြောင်းသိရသည်။
(Moon Sun စက်သုံးဆီအရောင်းဆိုင်မှရယူထားပါသည်။)
တချို့သောဒေသများတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်းကွာဟမှုများ ရှိနိုင်ပြီး ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မူ စစ်ကောင်စီ ၏ သတ်မှတ်ဈေးထက် ပိုမိုမြင့်တက်လျက်ရှိသည်။
ပြင်ပစားအုန်းဆီ ဈေးနှုန်းများမှာ ယမန်နေ့ ဒီဇင်ဘာလ ၁၉ရက်နေ့ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါက ၅၀၀ကျပ်ဝန်းကျပ် ဈေးနှုန်းကျဆင်း ခဲ့ကြောင်းသိရသည်။(ဘုရင့်နောင်ကုန်စည်ဈေးကွက်မှ ရယူထားခြင်းဖြစ်ပါသည်။)
စာတည်း – သန့်ဇော်(သန်လျင်)