ရေသန့်တစ်ဗူးနဲ့ မိုင် ၃၀၀ စီးနိုင်တဲ့ ရေစွမ်းအင်သုံးမော်တော်ဆိုင်ကယ်ကို တီထွင်ခဲ့တဲ့အမျိုးသား

ရေသန့်တစ်ဗူးနဲ့ မိုင် ၃၀၀ စီးနိုင်တဲ့ ရေစွမ်းအင်သုံးမော်တော်ဆိုင်ကယ်ကို တီထွင်ခဲ့တဲ့အမျိုးသား
ဘရာဇီးနိုင်ငံ၊ Sao Paulo မှအရာရှိ Ricardo Azevedo ဟာမော်တော်ဆိုင်ကယ်နဲ့ ဗဟုသုတအနည်းငယ်ကို
စိတ်အားထက်သန်မှုကြောင့် ရေစွမ်းအားနဲ့စီးနိုင်တဲ့မော်တော်ဆိုင်ကယ်တစ်စီးကို တီထွင်ခဲ့ပါတယ်။
Motor Power H20 လို့ခေါ်တဲ့ Azevedo ရဲ့ တီထွင်မှုဟာ သူ့ရဲ့ ၁၉၉၃ Honda NX 200 နဲ့တီထွင်ခဲ့ပြီး ရေတစ်လီတာကိုမိုင် ၃၀၀ အထိလည်ပတ်နိုင်ခဲ့ပါတယ်။
မော်တော်ဆိုင်ကယ်က လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကားဘက်ထရီကိုအသုံးပြုရပါတယ်။
လျှပ်ကူးပစ္စည်းဖြစ်စဉ်မှတဆင့် မော်တော်ဆိုင်ကယ်ဟာဟိုက်ဒရိုဂျင်ကို ရေမော်လီကျူးများနဲ့ ခွဲထုတ်နိုင်ပါတယ် ။
ဒီကိရိယာက ရေမော်လီကျူးတွေကို အောက်စီဂျင်နဲ့ဟိုက်ဒရိုဂျင်အဖြစ် ပြောင်းလဲပေးတယ်။
ဟိုက်ဒရိုဂျင်က များများထွက်လာပြီး မော်တော်ဆိုင်ကယ်အင်ဂျင်ကို လည်ပတ်ရန် ၎င်းဟိုက်ဒရိုဂျင်ကို အသုံးပြုတယ်။
ဒီမော်တော်ဆိုင်ကယ်ရဲ့ အားသာချက်ကတော့ ရေကနေထွက်လာတဲ့ ဟိုက်ဒရိုဂျင်နဲ့အတူ အလုပ်လုပ်တာဘဲဖြစ်တယ်။
ဒါက ဓာတ်ဆီနဲ့ကွဲပြားတယ်။ ရလဒ်ကတော့ ကာဗွန်မိုနောက်ဆိုဒ် ပါပဲ လို့ ပြောပါတယ်။
Azevedo က သောက်ရေသန့်ဖြစ်ဖြစ်၊ ညစ်ညမ်းတဲ့ရေဖြစ်ဖြစ်
ဘယ်လိုရေအမျိုးအစားကို မဆိုအသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
Credit..Poe Sone Kyuu