ကျောင်းဆရာက ကျောင်းသားကို သံတုတ်နဲ့ရို က်ပြီး ကျောင်းပေါ်ကနေပစ်ချမှုဖြစ်ပွား၊ ကျောင်းသားေ သဆုံး

အိန္ဒိယ၊ ဒီဇင်ဘာ ၂၂
အိန္ဒိယက ကျောင်းဆရာတစ်ဦးဟာ အသက် ၉ နှစ် အရွယ်ကျောင်း သားကလေးငယ်ကို သံတုတ်နဲ့ ရိုက်နှက်ပြီး
ကျောင်းအဆောက်အအုံပထမထပ် ကနေပစ်ချခဲ့ပြီး ကျောင်းသားသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် စနေနေ့တုန်းက ကာနာတာက၊ ဂါ ဒက်ခရိုင်၊ ဟာဒီရွာမှာ ဖြစ်ခဲ့ပြီး
အစိုးရပိုင် မူလတန်းစာ သင်ကျောင်းရဲ့ ၄ တန်း အခန်းက ဘာရက် ဘာရာကီရီ ဆိုသူ ကျောင်းသားလေး သေဆုံးခဲ့ရ တာဖြစ်ပါ တယ်။
အတန်းဖော်သူငယ်ချင်းတွေနဲ့ စကားပြောနေတဲ့ အချိန် ဧည့်ကျောင်းဆရာတစ်ဦးက သူ့ကို မထင်မှတ်ဘဲ သံတုတ်နဲ့ ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့ ခြင်းဖြစ်တယ် လို့သိရ ပါတယ်။
အကြမ်းဖက်ရိုက်နှက်ပြီး ကျောင်းပေါ်ကနေ ပစ်ချခဲ့လို့ ကလေးငယ်သေဆုံးစေတဲ့ အခင်းဖြစ်ပွားမှု မှာ တရားခံ
ဧည့်ကျောင်းဆရာ မတ်သာပါ ဟာဒါ ဂါလီဟာ ဘာရာကီရီကို သံတုတ်နဲ့ ရိုက်နှက်ရုံ တင်မကဘဲ ပထမထပ် ကနေ ပစ်ချခဲ့ပါတယ်။
Myanma Platform