ညဘက်တိုင်း ခွေးတွေ ဟောင်နေလို့ သိချင်တာနဲ့ ကင်မရာ တပ်ကြည့်လိုက်တဲ့ အချိန်မှာ မယုံကြည်နိုင်စရာ အဖြစ်အပျက်…

ရွာတစ်ရွာက နွားပိုင်ရှင် တစ်ယောက်ဟာ ညညဆို ခွေးဟောင်သံတွေ ကြားနေရတာ ရက်အနည်းငယ် ရှိပါပြီ။
ဒါကြောင့် သူဟာ သိချင်တာနဲ့ ကင်မရာတပ်ပြီး စောင့်ကြည့်ခဲ့တဲ့ အချိန်မှာ မယုံကြည်နိုင်စရာ အဖြစ်အပျက်တစ်ခုကို တွေ့ခဲ့ရပါတယ်။
အဲ့ဒါကတော့ သူ့ကင်မရာမှာ ကျားသစ်တစ်ကောင်ကို မြင်လိုက်ရတာပါပဲ။ ကျားသစ်ဟာ ညအချိန်မှာ သူ့နွားဆီကို ရောက်လာတာပါ။ဒါပေမယ့် ကျွန်တော်တို့ ထင်နေကြသလို နွားကို စားဖို့ လာတာ မဟုတ်ပါဘူး။
ကင်မရာ မြင်ကွင်းမှာ နွားဟာ ကျားသစ်ကို လျှာနဲ့ လျက်ပေးနေပြီးကျားသစ်ကလည်း ငြိမ်ငြိမ်လေး ရှိနေတာပဲ ဖြစ်ပါတယ်။
နွားပိုင်ရှင်က အရင်နွားပိုင်ရှင်ကို မေးကြည့်တဲ့အခါမှာတော့ အကြောင်းစုံကို သိခဲ့ရပါတယ်။ ကျားသစ် ကလေး ရက် ၂၀ သားအရွယ်မှာ အမေဖြစ်သူ သေသွားခဲ့တာကြောင့်နွားမကြီးက သူ့ကို မိခင်သဖွယ် နို့ချိုတိုက်ကျွေးခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီချိန်ကစလို့ ကျားသစ်လေးဟာ နွားမကြီးကို သူ့အမေအဖြစ် သတ်မှတ်ပြီး ညတိုင်း မိခင်ဆီကို လာတွေ့နေတာ ဆိုပြီးသိလိုက်ရတယ်။
ခရက်ဒစ်