ရွှေပြည်သာ၌ လုယက်သူတစ်ဦးကို ပြည်သူတစ်ဦးမှ ဖမ်းမိခဲ့(ဉာဏ်ကောင်းတဲ့ သူရဲကောင်းဘဲ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ဆိုင်ကယ်စီးလုယက်သူနှစ်ဦးကို ပြည်သူတစ်ဦးမှ လိုက်လံဖမ်း​ဆီးရာတစ်ဦးဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ ၂၁ ရက် ည ၆ နာရီ ၃၀ မိနစ်ခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ရာဇဓိရာဇ်လမ်း၌ မိန်းကလေးတစ်ဦးထံမှ ဆိုင်ကယ်စီးလုယက်သူနှစ်ဦးက ဖုန်းလုယက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါလုယက်သူနှစ်ဦးနောက်သို့ ပြည်သူတစ်ဦးမှ ဆိုင်ကယ်ဘေးတွဲဖြင့်နောက်မှလိုက်သောအခါ လုယက်သူများက ထွက်ပြေးကြောင်းဆိုသည်။

ယင်းနောက် VIP စက်ရုံမရောက်ခင် လမ်းပြင်နေသည့်နေရာအရောက်တွင် လုယက်သူများ၏ဆိုင်ကယ်မှောက်သွားကြောင်းသိရသည်။

”ဆိုင်ကယ်ကမှောက်တော့သူတို့ကိုင်ထားတဲ့ဓားတွေလည်းလွတ်ကျတာပေါ့၊ အဲ့အချိန်မှာ တစ်ယောက်ကထွက်ပြေးသွားပြီးတစ်ယောက်ကိုတော့ဖမ်းမိသွားတာပေါ့”ဟု ရာဇဓိရာဇ်လမ်း၌ နေထိုင်သူတစ်ဦးကဆိုသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး ဖမ်းဆီးရမိသူကိုသက်ဆိုင်ရာသို့ ပို့ဆောင်ထားကြောင်းသိရပြီး နောက်ကလိုက်ဖမ်းပေးသည့်ဆိုင်ကယ်ဘေးတွဲမှာ ပျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ထက်ပိုင်
ဓာတ်ပုံ-CJ
#ယနေ့ခေတ်

Leave a Reply

Your email address will not be published. Required fields are marked *