လက်ရဲ ဇက်ရဲ အုပ်စုလိုက် ထရပ်ကားနဲ့ သားကောင်ရှာ / ကားပေါ်က ပစ္စည်း ဆွဲချခိုးတဲ့ အဖွဲ့(ကိုယ်တွေ့)

မြန်မာပြည်ကြီးမှာ အခုတလော ဖြစ်ပျက်နေတဲ့ စာ၀တ် နေရေးအခက်အခဲ့တွေကို ဖြစ်သလိုရုန်းကန်နေကြရင်း ခိုးဆိုးလုနှိုက်နေသူတွေ ကလည်း နေရာအနှယ့်အပြားမှာ ပေါ်ပေါက်နေကြပါပြီ။

စာဖက်သူတွေ အနေနဲ့လဲ နောက်ကျော မလုံတဲ့ ခေတ်ကြီးမှာ တစ်ယောက်တည်း အပြင်ထွက်ဖို့တောင်‌ ကြောက်ရွံ့‌နေရလောက်တဲ့အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

ယခုအခါမှာလဲ ခိုးဆိုးလုနှိုက်တွေရဲ့ အကျင့်တစ်ခု ကို ကိုယ်တွေ့ကြုံရတဲ့သူ ဆီကတဆင့်ပြန်လည်ဖော်ပြပေးသွားပါမယ်။

“ဒီနေ့ ပစ္စည်းသွားပို့တာကိုယ်တွေ့ ကြုံခဲ့ရတယ်။

သီရိမင်္ဂလာဈေး အရောက်နေ့လည် ၁၂ နာရီ ဘဲရှိသေးတယ်မီးပွိုင့် က အထွက် ကားနောက်ခန်း ကပစ္စည်း ကို ဆွဲချခံရတာ ဘဲ

ကားမှာ ပါတာ ၄မယ်။ ဆွဲချသွားတာ ၃မယ်။ ပစ္စည်းခိုးတဲ့ အဖွဲ့က အုပ်စုလိုက် ကလေး ၇ ယောက် လူကြီး ၄ ယောက် လိုက်ထရပ် ကားနဲ့ ကားနောက်ခန်း မှာ ထိုင်နေပြီး

သားကောင် ရှာနေတာ(ကားအနောက်မှာ လူမပါတာ ကိုပစ်မှတ်ထားပြီး ခိုးနေတာ )ကျွန်တော် တို့က ပစ္စည်း ဆွဲချသွားတဲ့ကောင်လေကို တွေ့လိုက်လို့အပြေး လိုက်ပြီး သူခိုး သူခိုး အော်လိုက်လို့ပစ္စည်းတော့ ပြန်ရသွားတယ်


ခိုးတဲ့ ပစ္စည်း ပြန်မပေးရင် ရဲခေါ်လိုက်မယ်ပြော တော့မှ ပစ္စည်း ပြန်ပေးတယ်။

(ရဲကင်း ကတော့ ဈေး အရှေ့မှာဘဲ)😁

လျှင်မြန်မှု က တအားဘဲကလေး က ကားပေါ်က တက်ပြီး ခိုးချပေးတယ်လူကြီး က ပစ္စည်းကို ဖွတ်ပေးထားတယ်

ခိုးထားတဲ့ ပစ္စည်းပြန်ပေးဖို့ စောင့်နေတုန်းတဖက် ယဉ်ကြော က ဆီတင် ထားတဲ့ကားကို ခိုးပြန်တယ် ( မျက်စိ ရှေ့တင် )ကျွန်တော့်တို့ကားကို ခိုးတဲ့ ကောင်လေးဘဲ( ပုံပါ ကောင်လေး )

တဖက်ကား တော့ ဆီ ၃ ပုံး ပါသွားတယ်မသိရှာဘူး 😥😥😥အခု ပြောချင်တာက ဘုရင့်နောင် ဖက်
သွားရင် ကားအနောက်မှာ အဖေါ်ထားပါ။လူမပါရင်တော့ ပစ္စည်း ဆွဲချ ခံရမယ်

သီရိမင်္ဂလာဈေး နားရောက်ရင် သတိထားလို့ ရအောင် ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။

မြန်မာပြည်ကြီး ခိုးဆိုး လု ရပ်ခြင်းမှအမြန်ဆုံး ကင်းဝေးရပါစေ။ ”

Khin Mg Latt

Leave a Reply

Your email address will not be published. Required fields are marked *