အသက် ၃၃နှစ်အရွယ် အမျိုးသမီးတစ်ဦး သံလွင်မြစ်အတွင်း သို့ ခုန်ချ ပြန်လည်ကယ်ဆယ်နိုင်ခဲ့…

အသက် ၃၃နှစ်အရွယ် အမျိုးသမီးတစ်ဦး သံလွင်မြစ်အတွင်း သို့ ခုန်ချ ပြန်လည်ကယ်ဆယ်နိုင်ခဲ့…

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယနေ့ ဒီဇင်ဘာ (၂၁) ရ က် ညဦးပိုင်းက အမျိုးသမီးတစ်ဦး သံလွင်မြစ်အတွင်း ခုန်ချခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ည (၇) နာရီ ဝန်းကျင်တွင် မော်လမြိုင်မြို့ ၊ ကမ်း နား လမ်းရှိ သံလွင်ဈေး ဘောတံတားပေါ်မှ အမျိုး သမီး တစ်ဦး မြစ်အတွင်း ခုန်ချသွားခြင်း ဖြစ်ကြောင်း ကယ်ဆ ယ်ရေးအဖွဲ့များထံမှ သိရသည်။

ယင်းကဲ့သို့ မြစ်အတွင်း ခုန်ချသွားသူမှာ အသက် (၃၃) နှ စ်အရွယ်ရှိ မငယ်ငယ်ဆိုသူဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ ၊

ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ Diving Team နှင့် မော်လမြိုင်မြို့ပေါ်ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ များမှ သံလွင်မြစ်အတွင်း ၀ိုင်းဝန်းရှာဖွေ ကယ်ဆယ်ခဲ့ရ ကြောင်းသိရသည်။

ယင်းကဲ့သို့ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ရာ ည (၇) နာရီခွဲ ဝန်းကျင်တွင် မြစ်အတွင်း ခုန်ချခဲ့သူ အမျိုးသမီးအား


အသက်ရှင်လျှက် ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း အခင်းဖြစ်ပွားရာ မြေပြင်သို့ ရောက်ရှိခဲ့သည့် ဒေသခံတစ်ဦးထံမှ သိရသည်။

” ဟုတ်တယ်။ (၇) နာရီလောက်က ခုန်ချသွားတာ။ ကယ်ဆ ယ်ရေးအဖွဲ့တွေ ဝိုင်းရှာတော့ တံတားတိုင်ကို ဖက်ထားတာ တွေ့ပြီး ကယ်လိုက်နိုင်တာ။

(၇) ခွဲလောက်မှာပေါ့။ ဘယ်မှာ နေတာလဲတော့ မသိသေးဘူး ပြောတယ် ။ အခုတော့ ဆေးရုံမှာ ပို့လိုက်ကြတယ်လေ ” ဟု ၎င်းက ဆိုသ ည်။

အဆိုပါ အမျိုးသမီး မြစ်အတွင်းခုန်ချသွားသည်ကို အခ င်း ဖြစ်နေရာအနီး၌ ၎င်း၏ ဖိနပ်ကိုတွေ့ရှိရာမှ သတိထားမိခဲ့ခြင်းဖြစ်ပြီး ၎င်းတပ်ဆင်သည့် မျက်မှန်တစ်လက်ကိုပါ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ/ Source – ဇင်မိုး

Leave a Reply

Your email address will not be published. Required fields are marked *