ကြက်များ သယ်ဆောင်လာသော ဈေးပို့ယာဉ်တစ်စီး ဝင်တိုက်မိရာမှ ကား ၅ဆင့် တိုက်မိမှုဖြစ်ပွား

ဒီဇင်ဘာ ၂၃
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၀လမ်း၊ ၂၄လမ်း နှင့် ၂၅လမ်းကြားရှိ အေးသုခဆေးရုံရှေ့တွင် ကား (၅)ဆင့် တိုက်မှု ဖြစ်ပွားခဲ့ကြောင်း နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်အသင်းမှ သိရသည်။
ယာဉ်တိုက်မှု ဖြစ်စဉ်မှာဒီဇင်ဘာ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြက်များ သယ်ဆောင်လာသော ဈေးပို့ယာဉ်တစ်စီးသည် ၈၀လမ်းအတိုင်း မောင်းနှင်လာစဉ် ၂၄လမ်း နှင့်
၂၅လမ်းကြားအရောက်တွင် လမ်း၈၀ပေါ် ညအိမ်ရပ်နားထားသော ကားများအား ဝင်တိုက်မိရာမှ ကား ၅ဆင့် တိုက်မိခဲ့ခြင်းဖြစ်သည်။
ကြက်တွေ တင်လာတဲ့ ကားက ဆေးရုံရှေ့ ရပ်ထားတဲ့ ကားတွေကို တိုက်မိတာပါ၊ ကားပေါ်ပါလာတဲ့ အမျိုးသမီးတစ်ဦး ခေါင်းကွဲသွားတယ် ” ဟု နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်အသင်း ဥက္ကဌ ဦးသိန်းထွန်းအောင်က ပြောသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်အသင်းမှ
ဒဏ်ရာရသူအား ရှေးဦးသူနာပြုနည်းဖြင့် ပြုစု၍ မန္တလေးပြည်သူဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Zawgyi Version