ငွေကြေး လာဘ်လာဘပေါကြွယ်ဝစေသော လောကီပုတီးကျင့်စဉ် (နမောလေးပိုင်း လာဘ်တွေဝိုင်း)

“ပုတီးစိပ်တဲ့အခါမှာ လေးပိုင်းပိုင်းပြီး စိပ်ရတယ်ကွ….
ဘယ်လိုပိုင်းရသလဲ ဆိုတော့ “နမောတဿ၊ ဘဂဝတော ကို ပုတီးတစ်လုံးချ၊ အဲဒါကို ၁၀၈ လုံးရှိတဲ့ ပုတီးနဲ့ သုံးပတ်စိပ်ရမယ်။
နောက်တစ်ခါ “နမောတဿ၊ အရဟတော’ ကို ပုတီးတစ်လုံးချ၊ ၁၀၈ လုံးပုတီးနဲ့ သုံးပတ်စိပ်ရမယ်။ ပြီးတော့ ‘နမောတဿ၊ သမ္မာသမ္ဗုဒ္ဓဿ’ ကို ပုတီးတစ်လုံးချ၊ သုံးပတ်စိပ်ရမယ်။
အဲဒါပြီးတော့ “နမောတဿ၊ ဘဂဝတော၊ အရဟတော၊ သမ္မာသမ္ဗုဒ္ဓဿ ” ကို ပုတီးတစ်လုံးချ၊ ပုတီးသုံးပတ်စိပ်ရမယ်။ အားလုံးပုတီး ဆယ့်နှစ်ပတ်ရှိတယ်ကွ”
ဖယောင်းတိုင် တစ်တိုင်၊ အမွှေးတိုင်တစ်တိုင်၊ ကြိုက်နှစ်သက်ရာ ပန်းတစ်ပွင့်၊ အသေးစား ကြေးဖလားနဲ့ ရေတစ်ခွက် မြတ်စွာဘုရားကို လှူဒါန်းပြီးမှ ပုတီးစိပ်ရတယ်။
ပုတီးစိပ်တဲ့အခါမှာလည်း ကိုယ့်ရဲ့ ရှေ့မှာ သေတ္တာသေး သေးလေးတစ်လုံး ချထားရမယ်။ စက္ကူသေတ္တာ ပဲဖြစ်ဖြစ်၊ သစ်သားသေတ္တာပဲဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ သေတ္တာလေးတစ်လုံး ချထားရတယ်။
အဲ့ဒီ သေတ္တာထဲမှာ အနည်းဆုံးငွေ ကိုးဆယ့်ကိုးကျပ်၊ ထည့်ထား ရတယ်။ အဲ့ဒီ ကိုးဆယ့်ကိုးကျပ်ကို သုံးမပစ်ရဘူး။ ပုတီးစိပ်တာကတော့ မနက်ပဲစိပ်စိပ်၊ ညပဲစိပ်စိပ် မိမိကြိုက် နှစ်သက်ရာ အချိန်မှာ စိပ်နိုင်တယ်။
အခု ကျုပ်ပြောတဲ့ “နမောတဿ”ကို လေးပိုင်းပိုင်းပြီး ပုတိးစိပ်တဲ့ နောက်ပိုင်းမှာ ဝင်လာတဲ့ငွေကိုအဲ့ဒီ သေတ္တာ လေးထဲကို အရင်ထည့်ရမယ်။ ဆိုလိုတာကတော့ အဲဒီ့သေတ္တာ လေးထဲကို အဝင်ပြရမယ်ပေါ့။ ပြီးမှ အဲဒီ့ငွေကို ကိုယ်သိမ်းချင်တဲ့နေရာမှာ သိမ်းရမယ်ပေါ့”
(အဘဆရာကြီး မင်းသိင်္ခ၏ မနောမယ ယတြာ လက်ဆောင်ပေါင်းချုပ်စာအုပ်မှ ကောက်နုတ် ဖော်ပြပေးလိုက်ပါမယ်။ )
မှတ်ချက်
ဆရာမဗေဒင်စဟောစဥ်ကပထမဆုံးကျင့်စဥ်လုပ်ဘူးခဲ့ပါတယ်။ဟိုး1990ဝန်းကျင်နောက်ပိုင်းမို့အကြွေစေ့.တစ်ကျပ်တန်ကအစရှိတယ်။.ငွေ၉၉ကျပ်ကလုပ်လို့ရတယ်။
အခုခေတ်ကျတော့9900ကျပ်ကိုလုပ်ပေါ့နော်။
မေတ္တာဖြင့်မျှဝေပါသည်။အဆင်ပြေကြပါစေ
ဆရာမနီမိုမို
သိပ္ပံလက္ခဏာပညာရှင်
09421146014
မူရင်း..မြင်ဆရာ. အားပူဇော်ပါသည်🙏🙏🙏
အာစရိယဂုဏံအဟံဝန်တာမိ
#Mintheinkha _baydin