တရိတ်ရိတ် တတ်လာတဲ့ ယနေ့ မြန်မာပြည်တွင်းရွှေဈေးနုန်း

တရိတ်ရိတ် တတ်လာတဲ့ ယနေ့ မြန်မာပြည်တွင်းရွှေဈေးနုန်း
ဒီဇင်ဘာ ၂၃
ပြည်တွင်းရွှေဈေး ကျပ် ၂၇ သိန်းနီးပါးကိုရောက်နေပြီး ဈေးကွက်အတွင်း အဝယ်ထက်အရောင်းများကာ ဈေးကွက်အေးနေတယ်လို့ ရန်ကုန်မြို့ ရွှေဆိုင်တွေဆီက သိရပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၃ရက် နံနက် ၁၁ နာရီခွဲဈေးအရ အခေါက်ရွှေတစ်ကျပ်သားကို ၂၆၈၅၀၀၀ ကျပ်ဝန်းကျင်နဲ့
အရောင်းအဝယ်လုပ်တယ်လို့ ရန်ကုန်မြို့ရွှေဆိုင်တစ်ဆိုင်ကဖြေကြားထားပြီး ဒီဇင်ဘာတတိယပတ်အတွင်း ပြည်တွင်းရွှေဈေးက ကျပ် ၂၆၈၀၀၀၀ ကျော်ဝန်းကျင်မှာပဲရှိနေတာဖြစ်ပါတယ်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ရွှေဆိုင်တွေအနေနဲ့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်
၂၅၃၀၀၀၀ နှုန်းနဲ့ ရောင်းချဖို့ ပန်ကြားလွှာထုတ်ပြန်ထားပေမယ့်လည်း ဈေးကွက်ထဲ ရွှေဆိုင်တွေကတော့ ဆိုင်ပေါက်ဈေးအတိုင်း ရောင်းဝယ်နေကြတာဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့ရွှေဈေးက တက်နေဆဲဖြစ်တဲ့အပြင် ပြည်တွင်းထုတ်လုပ်မှုကုန်ကျစရိတ်တွေကြောင့် ပြည်တွင်းရွှေဈေးက
လက်ရှိဈေးတန်းကနေ သိပ်မကျနိုင်ဘူးလို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။