ဒေါ်လာ ထောင်ချီတန် အဝတ်၊ အိတ်အသုံး အဆောင် တွေနဲ့ ပွဲတတ်လာတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့်ဇနီး

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို လျှပ်စစ် ချွေတာဖို့ ၊ စက်သုံးဆီ ချွေတာ ဖို့အတွက် တဖွဖွပြောပြီး စက်ဘီးပါ စီးခိုင်း လာပေမယ့်လည်း မင်းအောင်လှိုင်နဲ့

သူ့မိန်းမ ကြူကြူလှကတော့ ဒေါ်လာ ထောင်ချီ တန် အဝတ်တွေ၊ အိတ်တွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကိုကိုင် ဆောင် အသုံးပြု ပွဲတွေတက်လူလုံးပြနေပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီ အစည်း အဝေး၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တဲ့ ကချင်ပြည်သူ စစ်ကောင်စီအစည်းအဝေးတွေမှာ မင်းအောင် လှိုင်က ပြည်သူတွေအနေနဲ့

လျှပ်စစ်ဓာတ်အား ချွေတာဖို့ ၊ ရေကို ချွေတာဖို့ ၊ စက်သုံးဆီချွေတာဖို့ အမြဲမ ပြတ်ပြောနေပါတယ်။ ဒါ့အပြင် စက်သုံးဆီ သုံးစွဲမှုကို လျှော့ချပြီး စက်ဘီးကဲ့ သို့သော ယာဉ်များ ပြည်သူတွေ စီးနင်းကြဖို့ တိုက် တွန်းခဲ့ တာလည်း ဖြစ်ပါတယ်။

ပြည်သူတွေကို ချွေတာဖို့ ပြောနေပေမယ့်လည်း အကြမ်းဖက် မင်းအောင်လှိုင်၊ကြူကြူလှနဲ့ မိသားစုတစ်ခုလုံးက


အသုံးအဆောင်တွေ ဝယ်ယူရာမှာ ပြည်ပ နာမည်ကြီး တံဆိပ်တွေကို ခုံခုံမင်မင် ဝယ်ယူသုံးစွဲနေကြတာလို့ စစ်ဘက် သတင်းရပ်ကွက်က အတည်ပြုပြောဆိုပါတယ်။

မင်းအောင်လှိုင်နဲ့ ကြူကြူလှကိုယ်တိုင် တက်ရောက်တဲ့ ပွဲအခမ်းအနားတွေမှာ ဒေါ်လာ ထောင်ချီတန် အိတ်နဲ့ အင်္ကျီတွေကို ဝတ်ဆင်ပြီး လူလုံးပြ နေကြ ပါတယ်။


ရန်ကုန်ခေတ်သစ်က မင်းအောင်လှိုင်နဲ့ ကြူကြူလှ တို့အသုံးပြုနေတဲ့ အိတ်တွေ၊ အင်္ကျီတွေကို အသေးစိတ် လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။

အခု ဒီဇင်ဘာလ အတွင်း မင်းအောင်လှိုင်နဲ့ ကြူကြူလှဟာ ပွဲ ၂ ခုအတွင်းမှာ ဒေါ်လာ ထောင်ချီ တန် အိတ်တွေ၊ အင်္ကျီနဲ့ ဂျာကင်တွေကို ထုတ်ဝတ်ပြီး လူလုံးပြ အခမ်းအနား တက်ခဲ့ကြပါတယ်။

မင်းအောင်လှိုင်ဝတ်တဲ့ ဒေါ်လာ ၁၃၀၀ တန် ဂျာကင်
=============================

အကြမ်းဖက်မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိ မြစ်ကြီးနားနဲ့ ပူတာအို ဒေသသို့ သွားရောက် လည်ပတ်ခဲ့ပြီး ပူတာအိုမှာ မင်းအောင်လှိုင်က အမေရိကန်ဒေါ်လာ ၁၂၉၀ တန် Burberry ဂျာကင်ကို ထုတ်ဝတ်ပြီး ပွဲတက် စစ်ဆေးရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာကျပ်ငွေ တစ်ဒေါ်လာ ၂၉၀၀ နီးပါး ရှိနေချိန်မှာ မင်းအောင်လှိုင် ဝတ် ထား တဲ့ Burberry ဂျာ ကင် က မြန်မာကျပ်ငွေ ၃၇ သိန်းကျော် တန်ကြေး ရှိနေတာဖြစ်ပါတယ်။

မင်းအောင်လှိုင်က အဲဒီBurberry ဂျာကင်ကိုဝတ်ဆင်နေ ရတာ ကို အတော် သဘော ကျနေပုံလည်းရှိ နေပါတယ်။

ကြူကြူလှ ကိုင်တဲ့ ဒေါ်လာ ၂၈၀၀ ကျော်တန် အိတ်
==================================

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိန်းမ ကြူကြူလှကတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မင်္ဂလာဒုံ စစ် ဆေးတက္ကသိုလ်ရဲ့ သင်တန်းဆင်း ညစာစားပွဲမှာ အမေရိကန်ဒေါ်လာ ၂၈၃၀ တန် မြန်မာကျပ်ငွေ ၈၂ သိန်း တန်ကြေးရှိတဲ့ louis vuitton အိတ်ကို ကိုင်ဆောင်ပြီး ပွဲတက်လာပါတယ်။ ကြူကြူလှက အဝတ်အစား အရောင်နဲ့လိုက်ဖက်အောင် အနီရောင် louis vuitton အိတ်ကို အသုံးပြုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *