မိန်းကလေးတွေနဲ့ ကလေးတွေပါ စားလို့ရတဲ့ ဖာလူဒါကွမ်းယာချိုပြုလုပ်နည်း

တချို့က ဖာလူဒါရောင်းတာလား မေးနေကြလို့ ကျနော်မမွေးခင်လောက်က ဒီကွမ်းယာကို ဖာလူဒါကွမ်းယာလို့လဲခေါ်ပါတယ်တဲ့ ကျနော်ကြားဖူးတာပေါ့။

ကွမ်းယာအချိုကို အနည်းဆုံးတစ်ယာကို တစ်ရာရောင်းလို့ရတယ် ကျနော်ကတော့ ကွမ်းရွက်ကြီးတာနဲ့ ငါးရာဖိုးကိုသုံးယာ ရောင်းတယ်ဗျ အတော်များများလဲဝယ်စားကြပါတယ်။

ကျနော်ရောင်းတဲ့ ကွမ်းယာအချိုအတွက် ပါဝင်ပစ္စည်းကတော့ အုန်းချိုမွှေး/ ကျောက်ဖရုံယို/ နာနတ်ယို/ ဖာလာ/ အာမွှေး စမုံစပါး/

အုန်းကြော်/ အုန်းသီးစိမ်းတစ်စိတ်/ ထုံးအနည်းငယ်/ ကွမ်းသီးသုံးစိတ်/ ရှားခဲရည် တစ်စက်/ အာမွှေးအဆီ(ခေါ်)အချိုရည်အနီရောင် ဖြစ်ပါတယ်။

ကျနော့်ဆိုင်မှာတော့ ကွမ်းယာအချိုယာ တစ်ယာကို နှစ်ရာကျပ် ငါးရာကျပ်ဖိုးကို သုံးယာရောင်းပါတယ်ခင်ဗျ။

အားလုံးပဲ ဈေးရောင်းကောင်းကြပါစေဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *