သရုပ်ဆောင်သင်ဇာဝင့်ကျော် ထောင်ဒဏ် ၅နှစ်…

သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ဒီကနေ့ ဒီဇင်ဘာ ၂၃ရက် မှာ ရန်ကုန်အင်းစိန်ထောင်တွင်းတရားရုံး၊
မရမ်းကုန်းမြို့နယ်တရားခွင်ကနေ ထောင်ဒဏ် ၅နှစ် ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းက သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ မော်ဒယ်နန်းမွေစံတို့ကိုကာယိန္ဒြေပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့
ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေး ငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အီလက်ထရောနစ်ပုဒ်မ ၃၃(က) နဲ့ တရားစွဲဆိုထားတာပါ။
” သင်ဇာ့ကျန်းမာရေးကောင်းပါတယ်။ ပြုံးပြုံးလေးပဲတွေ့ရတယ်။ သူများတွေလွတ်ပြီး ပြန်ကြတော့ ပြန်ချင်တဲ့စိတ်တော့ဖြစ်နိုင်တာပေါ့။
ဒါပေမဲ့ သူစိတ်ဓာတ်အရမ်းခိုင်မာပါတယ်။ရင်ဆိုင်ရဲတဲ့စိတ်ကိုတွေ့ရတယ်” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။
သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့ အတူတစ်ရက်တည်း ဖမ်းဆီးခံလိုက်ရတဲ့ မော်ဒယ်နန်းမွေစံကတော့ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့
မြောက်ဒဂုံမြို့နယ်အတွင်းမှာဖမ်းဆီးခံလိုက်ရပြီးစစ်ခုံရုံးက ထောင်ဒဏ် ၇နှစ်ချမှတ်ထားတာပါ။