“စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က သက်တမ်း နှစ်ပေါင်း ၁၀၀ ခန့်ရှိ အင်္ဂလန်မိတ် ရေနံဆီသုံး ရေခဲသေတ္တာ”

“စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က သက်တမ်း နှစ်ပေါင်း ၁၀၀ ခန့်ရှိ အင်္ဂလန်မိတ် ရေနံဆီသုံး ရေခဲသေတ္တာ”

စစ်ကိိုင်းတိုင်း ဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ အမှတ် (၁) ရပ်ကွက် မဟာလယ်တီီ ကျောင်းမကျောင်းတိုက်တွွင် ရှိိသောရေခဲသေတ္တာမှာ နှစ်ပေါင်း ၁၀၀ ခန့်သက်တမ်းရှိပြီး ရေနံဆီမီးဖြင့် အပူပေး အသုံးပြုရပါသည်။

၎င်းရေခဲဲသေတ္တာကိို မဟာလယ်တီ ကျောင်းမ ဆရာတော်ကြီး ဦးဓမ္မပါလသည် တောင်ကြီးမြို့မှဒေါ်တင်တင်ဆိုသော အိန္ဒိယ အမျိုးသမီးကြီး တစ်ဦးထံမှှ ၀ယ်ယူခဲ့သည်ဟု ဆရာတော်ကြီး သက်တော်ထင်ရှား ရှိစဉ်က မိန့်ကြားခဲ့ဖူးပါသည်။

ရေခဲသေတ္တာမှာ England နိုင်ငံ E l e c t r o l u x ကုမ္ပဏီမှ Q u e e n M a r y & K i n g J o u r g e (V) လက်ထက်တွင်ထုတ်လုပ်ခဲ့ကြောင်း Name plate တွင် တွေ့ရှိရပါသည်။

ထုုတ်လုပ်သည့် ခုနှစ်ကိုမူ မတွေ့ရပါ။Q u e e n M a r y & K i n g J o u r g e (V) စိုးစံသောနှစ်မှာ (1893-1936) ဖြစ်သောကြောင့် ထုတ်လုပ်သည့်နှစ်မှာ နှစ်ပေါင်း ၈၀ မှ ၁၀၀ ၀န်းကျင်ခန့်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

ရေခဲဲသေတ္တာ အမြင့်မှာ ၄ ပေ၊ အကျယ်မှာ ၂ ပေ ပတ်လည်ခန့်ရှိ၍ ကိုယ်ထည် တစ်ခုလုံး ထူထဲသော သံထည်များဖြင့် ပြုလုပ်ထားသည်ကိိုတွေ့ရပါသည်။

အသုံးပြုပုံမှာ ရေခဲသေတ္တာအောက်တွင် ပါရှိ​သော မီးဖိုထဲတွင် ရေနံဆီထည့်ကာ မီးထွန်း အပူပေးအသုံးပြုရခြင်း ဖြစ်ပါသည်၊ သို့သော် ယခု ရေနံဆီ မီးဖိုက အသုံးပြု၍ မရနိုင်တော့ပါ။

ဆရာတော်ကြီးရှိိစဉ်က ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် ရေနံဆီ မီးဖိုအစား Gas မီးတောက်မီးဖြင့်ကျွန်တော်ကိုယ်တိုင် စမ်းသပ်ကြည့်ခဲ့ပါသည်။

၂ နာရီခန့် Gas မီးတောက်ဖြင့်စမ်းသပ်ရာရေခဲသေတ္တာအခန်းများ အေးစိမ့်လာသည်ကို တွေ့ရသဖြင့် ကောင်းမွန်စွာ အလုပ်လုုပ်သေးကြောင်း တွေ့ရှိရပါသည်။

#crd_to_owner _ကိုသန်းဇော် ထိိပ် တန်း fb
လေးစားစွာ ပြန်လည်မျှဝေဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed