တကယ် အသက်ရှိနေတဲ့ ရှေးဟောင်းပစ္စည်းများ……(ရှေးဟောင်းသုတေသနဝန်ထမ်းကိုယ်တွေ့)

တကယ် အသက်ရှိနေတဲ့ ရှေးဟောင်းပစ္စည်းများ……(ရှေးဟောင်းသုတေသနဝန်ထမ်းကိုယ်တွေ့)..

ကျွန်တော်တို့ ရှေးဟောင်းသုတေသနဌာနထဲမှာ နှစ်ပေါင်း ၂၈နှစ်နီးပါးတာဝန်ထမ်းဆောင်လာခဲ့ပေမယ့် ရှေးဟောင်းပစ္စည်းတွေနဲ့ပတ်သက်ပြီး ယောင်လို့တောင်အိမ်ကိုသယ်လေ့မရှိဘူး ကြောက်လို့ ။

ကိုယ်လုပ်ရတဲ့အလုပ်က ရှေးမြို့ဟောင်းတွေကိုတူးဖော်ရတာဆိုတော့ ပြတိုက်မှာပြသနေတဲ့ပစ္စည်းအတော်များများက ဒီတူးဖော်ရေးတွေကနေ ရလာကြတာ ၊

ပြတိုက်မရောက်ခင်လတ်လတ်ဆတ်ဆတ်မြေကြီးထဲကနေ ကျွန်တော်တို့လိုတူးဖော်ရေးသမားတွေကထုတ်ယူပေးခဲ့ကြတာပါ။

တစ်ခုရှိတာက ရှေးဟောင်းပစ္စည်းတွေဟာ အမြဲပဲရှင်သန်နေတယ်ဆိုတာပဲ ၊ သူတို့ဟာ သူတို့ရဲ့မူလ သခင်တွေကို တမ်းတမ်းတတ ဖြစ်နေကြတုန်းဆိုတာပါပဲ ၊ အကိုင်အတွယ်မတတ်ရင် ဒုက္ခရောက်တတ်တယ် ဒါကို တစ်ချို့က ခိုက်တယ်လို့ပြောလေ့ရှိတယ် ။

၁၉၉၆ခုနှစ် ကျိုင်းတုံမြိုမှာရှိတဲ့စေတီကုန်းတစ်ခုကို တူးဖော်သုတေသနပြုခဲ့ရတုန်းက ရှေးဟောင်းတူးဖော်ရေးအဖွဲ့တွေကျိုင်းတုံမရောက်ခင်၊ မိုးလေဝသ ရုံး ဝင်း ဝန်ထမ်းအိမ်ယာအတွက်မြေကျင်းတူးရင်း ဘုရားကုန်းကိုတူးမိရာက ရှေးဟောင်းအုတ်ခွက်ဘုရားသေးသေးလေးတွေထွက်လာတယ်၊

ဒါကို တာချီလိတ်ဘက်သွားမယ့်ကားဆရာတွေက သူတို့လာဘ်ကောင်းအောင် အန္တာရာယ်ကင်းအောင်ဆောင်ထားချင်လို့ ခွင့်မတောင်းပဲသယ်ယူသွားကြတာ လမ်းခရီးမှာ ကားပျက် ကားခေါင်းထဲမြွေတွေ့ စသဖြင့်ထူးခြားတာတွေဖြစ်လာလို့ ပြန်ပို့ကြရပါတယ် ။

နောက်တစ်ခု က ဘာသာခြားတစ်ယောက် အဲ့ဒီကပဲ အုတ်ခွက်ဘုရားတစ်ဆူကိုယူသွားတာ အိပ်ယာဝင်တော့ခေါင်းအုန်းအောက်မှာမြွေကြီးခွေနေလို့ ပြန်ပို့ရသတဲ့ ၊ စသဖြင့် စသဖြင့် ရှေးဟောင်း ပစ္စည်းနဲ့ပတ်သက်လို့ ထူးထူးခြားခြားကြားကြရပါတယ် ။

ရန်ကုန်မြို့မှာရှိတဲ့ယခုရန်ကုန်ရှေးဟောင်းဌာနခွဲရုံးဟာ ယခင်က ရှေးဟောင်းရဲ့ရုံးချုပ်ဖြစ်ပါတယ် ၊ ဒါကြောင့် ရှေးဟောင်းပစ္စည်းတွေထားတဲ့ ကျွန်တော်တို့အခေါ် ဘော့အခန်း ကြီးရှိပါတယ်၊

အနယ်နယ်အရပ်ရပ်ကအရေးကြီးတဲ့ရှေးပစ္စည်းတွေကိုတံခါးအထပ်ထပ်သော့အထပ်ထပ်နဲ့ထားပါတယ်၊ ဒီအထဲကပစ္စည်းတွေဟာ အထူးပြပွဲများပြသဖို့ထုတ်တဲ့အခါ သူ့နေရာမှာသူထားပေမယ့်ပျောက်နေတတ်တယ်လို့အဆိုရှိပါတယ်။

ရှေးဟောင်းပစ္စည်းထုတ်ယူတဲ့ဝန်ထမ်းများက ပါးစပ်ကနေ ကဲကဲ အပိုင်မယူပါဘူး ပြပွဲအတွက်ပါ ခနယူပြီးပြမှာပါ ကိုယ့်ဟာကိုပြန်ထားကြပါလို့ ပြောဆိုမှ နောက်တစ်ကြိမ် ဒီဘော့ခန်းကြီးထဲပြန်ဝင်ရင် သူ့နေရာမှာပဲတွေ့ရတယ်လို့ဆိုပါတယ်။

တစ်ခါက ပြပွဲတစ်ခုအတွက် ပျူင်္ဒဂါးတွေရေတွက်ကြရတော့ ရေတွက်တိုင်း အရေအတွက်က တစ်ခေါက်နဲ့တစ်ခေါက်မတူဘူးတဲ့။

ဒါနဲ့ အထက်အရာရှိလူကြီးတွေကဒါဘယ်လိုဖြစ်တာလဲဆိုတော့ အထာသိတဲ့သူက ဆရာရေ သူ့ဟာသူပြန်မှန်သွားလိမ့်မယ် ညနေ၄ခွဲမှပြန်ဝင် ပြန်ရည်တွက်ကြမယ် လို့ပြောရင်းခုနကအတိုင်း ကဲယူထားရင်လည်းပြန်ထားကြဒါ

နိုင်ငံတော်ပြပွဲ ပြရမှာ ဘယ်သူမှအပိုင်မယူဘူးလို့ပြောပြီး နောက်တစ်ကြိမ် ဘော့ခန်းကြီးထဲပြန်ဖွင့်ပြန်ဝင်တွရေတွက်တော့မှ ရေတွက်လို့အမှန်ထွက်ပါသတဲ့၊။

ဒါတွေဟာယုံကြည်ရခက်ခက်ဆိုပေမယ့်တကယ်ကြုံခဲ့ကြတဲ့သူတွေကကြုံခဲ့ကြတယ်၊

ပြီးခဲ့တဲ့လပိုင်းကပဲ နိုင်ငံခြားငှားပြရမယ့်ဆင်းတုတော်တစ်ဆူကို ဝန်ထမ်းတစ်ယောက်က သယ်ယူပေးရင်း တပည့်တော်လည်းခေါ်ပါအုန်းလို့ နောက်ပြောလေး ပြောမိတာ က

တကယ်ပဲ အဲ့ဒီဝန်ထမ်း အဲ့ဒီဘုရားနဲ့အတူ နိုင်ငံခြားပြပွဲပါသွားသတဲ့၊ ယုံချင်ယုံမယုံချင်နေ believe it or not ပါနော် ကြားဘူးတာလေးတွေပြန်ပြောပြတာပါ ။

ရှေးဟောင်းပစ္စည်းတွေကိုတော့ လျော့မတွက်နဲ့ ပျူကခြေသည် ၅ရုပ်မှာ ၄ရုပ်က အခိုးခံရပြီးအမေရီကန်ကိုရောက်သွားတာတောင် မြန်မာပြည်ကိုကြံကြံဖန်ဖန်ပြန်ရောက်လာသေးတယ်မဟုတ်လား၊

ရှေးဟောင်း ပစ္စည်းတွေဟာ အနုပညာလက်ရာမြောက်လေ သူတို့ရဲ့အသက်ဝိညာဥ်တွေဟာရှင်သန်လေပါပဲ။

အနုပညာလက်ရာမြောက်တဲ့ ရှေးဟောင်းပစ္စည်းတွေအပေါ် မတော်မတရားပြုလုပ်ပြီး ကြွယ်ဝ ချမ်းသာလာတဲ့လူတွေဟာ အဲ့ဒီရှေးဟောင်းပစ္စည်းများကြောင့်ပဲ အလုံးစုံ ပျက်စီးသွားကြရတတ်ပါတယ် ။

မူရင်း ကို Kyaw Myo Win အား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *