အပင်အရွက်များ ကြီးထွားရန်အတွက် ထမင်းကျန်များကို လွှင့်မပစ်ပဲ ထမင်းသိုး ဂျူလင်စီ ဆေးရည် ကိုယ်တိုင်ပြုလုပ်နည်း

အပင်အရွက် အတွက် ထမင်းသိုး ဂျူလင်စီ ဆေးရည်ကိုယ်တိုင်ပြုလုပ်နည်း-ထမင်းသိုး ဆန်တစ်ဗူးချက်ခန့် ၊ သကြား ထမင်းစားဇွန်း-2 ဇွန်း၊ နို့ချဉ် ၅၀ စီစီ။ ထမင်းသိုးထဲ ရေ လီတာဝက်ခန့် လောင်းထည့်ပါ။

ပြီးနောက် ၅ မိနစ်ခန့်မွှေပေးပါ။ ထမင်းသိုးမှ အရည်အား လုံး သမသွားပါက ၅ မိနစ်ခန့်အနည်ထိုင်အောင် စောင့်လိုက်ပါ။ အနည်ထိုင်သွားပါက ရေစစ်ဖြင့် စစ်ယူပါ။

စစ်ယူထားသော ထမင်းသိုးရေထဲသို့ သကြား ၂ ဇွန်း နို့ချဉ်ဘူး ၅၀ စီစီ ဖေါက်ထည့်ပါ သမသွားအောင်နဲ့ သကြားများ ပျော်အောင် မွေပါ။ အားလုံး သမသွားပြီ ဆိုပါက ရေသန့်ဘူးလွတ်ထဲထည့်ပြီး အရိပ်ထဲထားလိုက်ပါ။

ဘူးအဖုံးကိုတော့ အလုံမပိတ်ဘဲ တရစ်ခန့် ချန်ထားပါ။ GAS ထွက်ရန်ဖြစ်ပါတယ်။ ၃ ရက်မြောက်နေ့တွင် ထပ်ပြီးလှုပ်ခါပါ။ အဖုံးကိုတရစ် ချန်၊ ပြန်ပိတ်ပါ။ ၇ ရက်မြောက်မှာတော့ အသင့်သုံး ထမင်းသိုး ဂျူလင်စီ ကိုရပါပြီ။

ဒီဆေးရည်သည် အပင်၏ အမြစ်နဲ့အရွက်များ အတွက် များစွာ အကျိုးပြုပါတယ်။ N ဒြပ် အများဆုံး ပါဝင်သောကြောင့်ဖျန်းပြီး သုံးရက်နဲ့ငါးရက်ကြာပါက သိသာလာပါလိမ့်မယ်။

အပင်ထဲ ထည့်ပါက အမြစ်ရှင်သန်ပြီးအစာ စားကောင်းပါတယ်။ အရွက်မှ ဆေးရည်ကိုတိုက်ရိုက် စားသုံးနိုင်သောကြောင့် အရွက်များ သန်မာကြီးထွားစေပါတယ်။

ကွမ်းသမားများ အရွက်စား အပင်များ အတွက် လက်တွေ့ ဖြစ်ထွန်းစေပါတယ်။ အရွက်ဖျန်းဖို့အတွက်၊ ဆေးဖျန်းပုံးတစ်ပုံးကို ဆေးရည် ၅ ဇွန်း။ အပင်လောင်းရန်အတွက် ဆေးဖျန်းပုံးတစ်ပုံးကို ဆေးရည် ၁၀ ဇွန်း။

သီးပင်စားပင်အတွက် ကြက်သွန်နီ အခွံ ဆေးရည်ပြုလုပ်နည်း-ကြက်သွန်နီခွံမှာ ကယ်လစီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ အိုင်ရွန်း၊ ကော့ပါးစတဲ့ အပင်အတွက် လိုအပ်တဲ့ အဟာရဓါတ် များစွာပါဝင်တဲ့အပြင်

ကြက်သွန်နီ အခွံ အနံ့ကြောင့် ပိုးတွေကိုလည်း မလာအောင် တားဆီးပေးစေပါတယ်။ ကြက်သွန်နီခွံခြောက် ၅ ကျပ်သား၊ ရေ ၁ လီတာထည့်၍ ၂၄ နာရီထားပါ။

နောက်ထပ် ရေ၁ လီတာ ထပ်ရော၍ နှံ့အောင်မွှေပြီး အရည်စစ် အရည်ညှစ်ယူပါ။ ကြက်သွန်နီခွံ အားဆေးရည်ကို အပင်များ သို့ တိုက်ရိုက် ပက်ဖျန်း၍ အသုံးပြုနိုင်ပါသည်။

ကျန်ရှိသော ကြက်သွန်နီခွံ အားဆေးအနည်အနှစ်များကို မြေကြီးဖြင့်ရော၍ အပင်ခြေတွင် အစာအဖြစ် ကျွေးနိုင်ပါသည်။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *