အောင်လရဲ့နောက်ပြိုင်ဘက် ဖန်ဝေါင်းရဲ့ ထိုးသတ်ပုံ ထိုးသတ်နည်းကို လေ့လာကြည့်ခြင်း

Unicode
ကချင်သားကြီး အောင်လအန်ဆန်းရဲ့ နောက်ပြိုင်ဘက်ဖြစ်လာသည့် တရုတ်ဖိုက်တာ ဖန်ဝေါင်းသည် အသက် 29 နှစ်အရွယ်သာ ရှိသေးသည့် ဖိုက်တာတစ်ဦးဖြစ်ပါတယ်။ MMA လို ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို အသုံးပြုပြီး ကစားရတဲ့အားကစားနည်းမှာ အသက်အရွယ်နဲ့ လျှင်မြန်မှုကလည်း အလွန်အရေးပါသည့် နေရာတစ်ခုဖြစ်ပါတယ်။



ဖန်ဝေါင်းရဲ့နောက်ထပ်အားထားချက်တစ်ခုကို ပြောပြရမယ်ဆိုရင် သူဟာ ပရော်ဖက်ရှင် MMA ကစားသမားဘဝမှာ 16 ပွဲ ထိုးသတ်ထားခဲ့ပြီး 13 ပွဲကို အနိုင်ရရှိထားပါတယ်။ န်ိုင်ပွဲ 13 ပွဲတွင် 8 ကို ချုပ်ကွက်ဖြင့် အနိုင်ယူထားပြီး ၎င်းရဲ့ Grappling ကစားပုံဟာ အဆင့်အတန်းတစ်ခုမှာ ရှိနေတာဖြစ်ပါတယ်။



ဖန်ဝေါင်းဟာ Ground ပိုင်းမှာ ကောင်းမွန်တဲ့ ဖိုက်တာတစ်ဦးဖြစ်သလို သူ့ကို Ground ပိုင်းကို ခေါ်ဆော့တဲ့ပြိုင်ဘက်တွေကိုလည်း Take down ကောင်းကောင်းဖြင့် ခုခံပြနိုင်တဲ့အတွက်ကြောင့် အောင်လအန်ဆန်းအနေဖြင့် ဖန်ဝေါင်းကို Take Down လုပ်ဖို့ ခက်ခဲပါလိမ့်မယ်။



ဆက်လက်ပြီး ပြောပြရမယ်ဆိုရင် ဖန်ဝေါင်းရဲ့ လက်သီးထိုးချက် ၊ ခြေကန်ချက်တွေဟာလည်း အတော်လေး ပြင်းထန်အားပါပြီး Striking ပိုင်းမှာရော Ground ပိုင်းမှာ ကောင်းမွန်သည့် ဖိုက်တာတစ်ဦးဖြစ်တာကြောင့် အောင်လအန်ဆန်းအတွက် ၎င်းဟာ လွယ်ကူတဲ့ပြိုင်ဘက်တစ်ဦး ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။



အောင်လအန်ဆန်းနှင့် ဖန်ဝေါင်းတို့သည် လာမည့် ဇန်နဝါရီကာလတွင် ရင်ဆိုင်ထိုးသတ်ရမည်ဖြစ်ပြီး အောင်လအန်ဆန်းအနေဖြင့် ယခုပွဲကိုသာ အနိုင်ရရှိခဲ့မည်ဆိုပါက နောက်ပွဲဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲ ဖြစ်လာဖို့ သေချာသလောက်နီးပါးပါပဲ။
Zawgyi