“ေခြးေသေကာင္ပုပ္ကို ေျခေထာက္နဲ႕ မကန္မိေစနဲ႕”… ေလးနက္တဲ့ စကားေလးပါ

“ေခြးေသေကာင္ပုပ္ကို ေျခေထာက္နဲ႕ မကန္မိေစနဲ႕”… ေလးနက္တဲ့ စကားေလးပါ

အေမေျပာဖူးတဲ့ ” ေခြးေသပုတ္ကို ေျခေထာက္နဲ႔ မကန္မိေစနဲ႔ ” စကားေလးပါ။ တစ္ခုခုဆို ဆတ္ဆတ္ထိ မခံတတ္တဲ့ အက်င့္ ကြၽန္‌ေတာ့္မွာ ရွိခဲ့တယ္။ ကိုယ္ မွန္တယ္ထင္ရင္ ေျပာဆိုရဲသလို…

မွားတယ္ ထင္ရင္လည္း ေတာင္းပန္ရဲတာ ကြၽန္‌ေတာ့္အက်င့္။ ကိုယ္ မွန္လို႔ ေျပာၿပီဆိုရင္.. ဘယ္သူ႔မ်က္ႏွာမွ မၾကည့္တတ္ခဲ့ဘူး။ အ႐ိုင္းစိုင္းတစ္ေယာက္လိုပဲ ျဖစ္ခဲ့ ဘူးတယ္။


မဟုတ္မခံတဲ့ အဲဒီ စိတ္ေလးကို မသိစိတ္က သေဘာက်မိေလ ကြၽန္‌ေတာ့္စိတ္ ေမာက္မာလာေလပဲ။ သြားမလုပ္နဲ႔ သူက ဆတ္ဆတ္ႀကဲ စိတ္လည္းႀကီးတယ္… မဟုတ္မခံ ျပန္ေျပာတတ္တယ္တဲ့။

သူတို႔ေတြ အေျပာမွာ ကြၽန္‌ေတာ့္ကိုယ္ ကြၽန္‌ေတာ္ အဟုတ္ႀကီး မွတ္ခဲ့ဘူးတယ္။ မဟုတ္တဲ့ကိစၥတစ္ခုကို ရွင္းရမွ စိတ္ေက်နပ္တာ ကြၽန္‌ေတာ့္ အက်င့္ဆိုးႀကီးလို ျဖစ္ေနခဲ့တာ။

တစ္ေန႔… အေမနဲ႔ အျပင္သြားေတာ့ လမ္းေဘး အမႈိက္ပုံတစ္ခုမွာ ေခြးေသပုတ္ေကာင္ႀကီး အနံတေထာင္းေထာင္းနဲ႔… ျမင္ေတြ႕ရတာ စိတ္ပ်က္စရာပါ။ ကြၽန္ေတာ္ ႏွာေခါင္းရႈံ႕လက္နဲ႔ ကာလို႔ မ်က္ႏွာမဲ့သြားတာ အေမျမင္ေတာ့…


အေမကေျပာတယ္… သား ေခြးေသပုတ္ကို ေျခထာက္နဲ႔ ကန္ရဲလားတဲ့။ ကန္စရာလား အေမရယ္ ဒီေလာက္ ပုတ္ေစာ္နံေနတဲ့ဟာကို ဆိုေတာ့… အေမက ၿပဳံးတယ္။ ဟုတ္တာေပါ့ သားရဲ႕

ကိုယ္ မွန္သည္ျဖစ္ေစ မွားသည္ျဖစ္ေစ… သူတစ္ပါးေျပာတဲ့ စကား ကိုယ့္ေကာင္းက်ိဳး ပါရဲ႕လားစဥ္းစားတဲ့။ မဟုတ္တာ ေျပာတယ္… ကိုယ္က အဲဒီလူနဲ႔ ဘက္ျဖစ္ေတာ့ ဘာ ျပန္ရလဲတဲ့


အေမ့ရဲ႕ ေမးခြန္းေၾကာင့္ ကြၽန္‌ေတာ္ ႏႈတ္ဆိတ္ေနမိတယ္။ တစ္ဖက္လူက ဆဲတယ္ ႐ိုင္းတယ္… ကိုယ့္လည္း ပါးစပ္ပါတယ္… ျပန္ေျပာလို႔ ရတာပဲ။ ဒါေပမယ့္ မတူဘူးတဲ့။ အ႐ိုင္းအစိုင္းနဲ႔ ဘက္ျဖစ္ရင္

ကိုယ္လည္း သူနဲ႔ အဆင့္ တူတူပဲ ျဖစ္သြားေရာတဲ့။ ဟုတ္ပါတယ္ ကြၽန္‌ေတာ္ေမ့ေနခဲ့တာ… ကြၽန္‌ေတာ့္ေရွ႕မွာ မဟုတ္မခံေျပာတဲ့ လူတစ္ခ်ိဳ႕ကလည္း ကြၽန္‌ေတာ့္ေနာက္ကြယ္ အ႐ိုင္းစိုင္းေလးလို႔ ေျပာႏိုင္သားပဲ။


ကိုယ္မဟုတ္တဲ့ ကိစၥအတြက္ ေလကုန္ခံ ေျပာမေနေတာ့ဘူး။ အဲဒီအတြက္ ကိုယ္လည္း ေဒါသမျဖစ္ရ ေဒါသ မထြက္ရေတာ့ဘူး။ ကိုယ္ အနည္းဆုံးေတာ့ အမွားကင္းလာတယ္။ လ်စ္လ်ဴရႈ တတ္တာတစ္ခုက အက်င့္ျဖစ္လာတယ္။

လူႀကီးလူငယ္ျဖစ္ျဖစ္… သူ႐ိုင္းရင္ သူ႔ အကုသိုလ္နဲ႔သူ သြားလိမ့္မယ္။ ဘာဆို ဘာမွ မေျပာေနေတာ့ဘူး… ေခြးေဟာင္တိုင္းသာ လိုက္ၾကည့္ရင္ ေနစရာေနရာ မရွိေတာ့သလိုေပါ့။


အဲဒီနာက္ပိုင္း ေခြးေသပုတ္ကိုလည္း ေျခေထာက္အေပခံၿပီး မကန္ေတာ့သလို အရာအားလုံး လ်စ္လ်ဴရႈတတ္ေအာင္ ေနခဲ့တယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

“ခွေးသေကောင်ပုပ်ကို ခြေထောက်နဲ့ မကန်မိစေနဲ့”… လေးနက်တဲ့ စကားလေးပါ

အမေပြောဖူးတဲ့ ” ခွေးသေပုတ်ကို ခြေထောက်နဲ့ မကန်မိစေနဲ့ ” စကားလေးပါ။ တစ်ခုခုဆို ဆတ်ဆတ်ထိ မခံတတ်တဲ့ အကျင့် ကျွန်‌တော့်မှာ ရှိခဲ့တယ်။ ကိုယ် မှန်တယ်ထင်ရင် ပြောဆိုရဲသလို…

မှားတယ် ထင်ရင်လည်း တောင်းပန်ရဲတာ ကျွန်‌တော့်အကျင့်။ ကိုယ် မှန်လို့ ပြောပြီဆိုရင်.. ဘယ်သူ့မျက်နှာမှ မကြည့်တတ်ခဲ့ဘူး။ အရိုင်းစိုင်းတစ်ယောက်လိုပဲ ဖြစ်ခဲ့ ဘူးတယ်။

မဟုတ်မခံတဲ့ အဲဒီ စိတ်လေးကို မသိစိတ်က သဘောကျမိလေ ကျွန်‌တော့်စိတ် မောက်မာလာလေပဲ။ သွားမလုပ်နဲ့ သူက ဆတ်ဆတ်ကြဲ စိတ်လည်းကြီးတယ်… မဟုတ်မခံ ပြန်ပြောတတ်တယ်တဲ့။

သူတို့တွေ အပြောမှာ ကျွန်‌တော့်ကိုယ် ကျွန်‌တော် အဟုတ်ကြီး မှတ်ခဲ့ဘူးတယ်။ မဟုတ်တဲ့ကိစ္စတစ်ခုကို ရှင်းရမှ စိတ်ကျေနပ်တာ ကျွန်‌တော့် အကျင့်ဆိုးကြီးလို ဖြစ်နေခဲ့တာ။

တစ်နေ့… အမေနဲ့ အပြင်သွားတော့ လမ်းဘေး အမှိုက်ပုံတစ်ခုမှာ ခွေးသေပုတ်ကောင်ကြီး အနံတထောင်းထောင်းနဲ့… မြင်တွေ့ရတာ စိတ်ပျက်စရာပါ။ ကျွန်တော် နှာခေါင်းရှုံ့လက်နဲ့ ကာလို့ မျက်နှာမဲ့သွားတာ အမေမြင်တော့…

အမေကပြောတယ်… သား ခွေးသေပုတ်ကို ခြေထာက်နဲ့ ကန်ရဲလားတဲ့။ ကန်စရာလား အမေရယ် ဒီလောက် ပုတ်စော်နံနေတဲ့ဟာကို ဆိုတော့… အမေက ပြုံးတယ်။ ဟုတ်တာပေါ့ သားရဲ့

ကိုယ် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ… သူတစ်ပါးပြောတဲ့ စကား ကိုယ့်ကောင်းကျိုး ပါရဲ့လားစဉ်းစားတဲ့။ မဟုတ်တာ ပြောတယ်… ကိုယ်က အဲဒီလူနဲ့ ဘက်ဖြစ်တော့ ဘာ ပြန်ရလဲတဲ့

အမေ့ရဲ့ မေးခွန်းကြောင့် ကျွန်‌တော် နှုတ်ဆိတ်နေမိတယ်။ တစ်ဖက်လူက ဆဲတယ် ရိုင်းတယ်… ကိုယ့်လည်း ပါးစပ်ပါတယ်… ပြန်ပြောလို့ ရတာပဲ။ ဒါပေမယ့် မတူဘူးတဲ့။ အရိုင်းအစိုင်းနဲ့ ဘက်ဖြစ်ရင်

ကိုယ်လည်း သူနဲ့ အဆင့် တူတူပဲ ဖြစ်သွားရောတဲ့။ ဟုတ်ပါတယ် ကျွန်‌တော်မေ့နေခဲ့တာ… ကျွန်‌တော့်ရှေ့မှာ မဟုတ်မခံပြောတဲ့ လူတစ်ချို့ကလည်း ကျွန်‌တော့်နောက်ကွယ် အရိုင်းစိုင်းလေးလို့ ပြောနိုင်သားပဲ။

ကိုယ်မဟုတ်တဲ့ ကိစ္စအတွက် လေကုန်ခံ ပြောမနေတော့ဘူး။ အဲဒီအတွက် ကိုယ်လည်း ဒေါသမဖြစ်ရ ဒေါသ မထွက်ရတော့ဘူး။ ကိုယ် အနည်းဆုံးတော့ အမှားကင်းလာတယ်။ လျစ်လျူရှု တတ်တာတစ်ခုက အကျင့်ဖြစ်လာတယ်။

လူကြီးလူငယ်ဖြစ်ဖြစ်… သူရိုင်းရင် သူ့ အကုသိုလ်နဲ့သူ သွားလိမ့်မယ်။ ဘာဆို ဘာမှ မပြောနေတော့ဘူး… ခွေးဟောင်တိုင်းသာ လိုက်ကြည့်ရင် နေစရာနေရာ မရှိတော့သလိုပေါ့။

အဲဒီနာက်ပိုင်း ခွေးသေပုတ်ကိုလည်း ခြေထောက်အပေခံပြီး မကန်တော့သလို အရာအားလုံး လျစ်လျူရှုတတ်အောင် နေခဲ့တယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *