ငွေတွေ ဝင်လာမစဲတဲ့ “လှိမ့်ဝင် တည်သုံး အိုးနှစ်လုံး ” အဆောင်အကြောင်း နှင့် အသုံးပြုနည်း

ငွေတွေ ဝင်လာမစဲတဲ့ “လှိမ့်ဝင် တည်သုံး အိုးနှစ်လုံး ” အဆောင်အကြောင်း နှင့် အသုံးပြုနည်း

တစ်နိုင်ငံလုံး စိတ်ဝင်စားနေကြတဲ့ လှိမ့်ဝင်တည်သုံး ယတြာက ကျွန်တော် စခဲ့တဲ့ဇာတ်လမ်းပါ။ အဖြစ်က ဒီလိုပါ။


မိတ်ဆွေတစ်ယောက်နဲ့ ၂ နှစ်ခွဲနေမှ ပြန်တွေ့တော့ သူ့မိသားစုက တော်တော်လေး အဆင်ပြေနေပြီး အရင် ထရံအိမ်လေး နေရာမှာ အာစီ(RC) တစ်ထပ်တိုက်ကြီးနဲ့ပေါ့။ အရမ်းကို အဆင်ပြေပြီး နောက်ထပ် တိုက်တစ်လုံးတောင် ဆောက်နေတယ်လို့ ပြောပါတယ်။

သူ့လုပ်ငန်းက တအား လှိမ့်ဝင်သွားတာကို။ အဲ့ သူ့အိမ်ရှေ့ အဝင်ဝမှာ လှိမ့်ဝင်စဉ့်အရုပ်လေးကို အိမ်ဘက်လှိမ့်ဝင်နေတဲ့ပုံ ချိတ်ထားတာ တွေ့ရပါတယ်။


အိမ်ဧည့်ခန်းမှာတော့ စဉ့်အိုးလေး တည်နေတဲ့ပုံကို တင်ထားတာ တွေ့ရပါတယ်။မေးကြည့်တော့ လှိမ့် ဝင် တည် သုံးလေတဲ့။ စီးပွားဖြစ်တယ်။ လုပ်ငန်းကောင်းတယ်တဲ့ဗျာ။ ကျွန်တော်တို့ မြို့မှာထမင်းဆိုင်တစ်ဆိုင် ရှိတယ်။ အရမ်းကိုရောင်းရတယ်။ အလှူပေးနေသလိုကို ရောင်းရတာ။

သူတို့အိမ်မှာလည်း အိမ်ရှေ့သံတံခါးအုတ်ခုံမှာ အဲဒီ လှိမ့်ဝင်အရုပ်လေး အိမ်ဘက်ကို လှိမ့်ဝင်နေတဲ့ ပုံလေး တင်ထားတာ တွေ့ရပါတယ်။ သူ့ထမင်းဆိုင်ကတော့ လူတွေ လှိမ့်ဝင်နေတော့တာပါပဲဗျာ။ အဲဒါနဲ့ လူမဝင် လုပ်ငန်းမကောင်းတဲ့သူနဲ့ အကြွေးတင်နေတဲ့ မိတ်ဆွေတစ်ယောက် နှစ်ယောက်ကို အဲဒီ အရုပ်လေးနှစ်ခုကို ထားဖို့ ပြောလိုက်တာ။


သူတို့လည်း ကျောက်ဆည် တပေါင်းပွဲနဲ့ကြုံတော့ စဉ့်ကူးက စဉ်အိုးသည်တွေ လာတာနဲ့ အဲဒီအရုပ်လေးကို တစ်ရုပ်ကို အိမ်ရှေမှာထားပြီး တစ်ရုပ်ကို အိမ်ထဲမှာ ထားဖို့ ပြောလိုက်တာအဲဒီ ၃ ယောက်ဟာ ၆ လအတွင်း လုံး ဝမဆပ်နိုင်တော့ဘူးလို့ ထင်ထားတဲ့ အကြွေးတွေ ကြေပြီး အဆင်ပြေသူတွေ ဖြစ်နေပါပြီဗျာ။

”လှိမ့်ဝင် တည်သုံး” စဉ့်အိုးလေးတွေ ဘယ်လို ဓာတ်ဆင်ရတာပါလဲ”


အဲဒီ လှိမ့်ဝင်တည်သုံး အရုပ်လေးတွေကဟို အရင် လောကီပညာရှင် (ဆန်းပညာရှင်) တွေ လုပ်သွားခဲ့တာပါ။ ပညတ်သွားရာ ဓါတ်သက်ပါဆိုသလို လူအများသုံးစကား လှိမ့်ဝင်ဆိုတာကို ယူပြီး လှိမ့်ဝင်နေတဲ့ အရုပ်ကလေးတွေကို စီရင်ပေးသွားတာပါ။

အဲဒီမှာ စဉ့်အိုးလေးကို လှိမ့်ဝင်နေတဲ့ ကောင်လေး (၂၄) ပုံလေးပါ ။ စဉ့်အိုးကိုဘာလို့ သုံးလဲ။ တစ်ခြားဟာ တစ်ခုခုကိုလည်း လှိမ့်ဝင်လို့ ရတာပဲလို့ တွေးမိတော့ … စဉ့်အိုး = ၃ ၁ ဆိုတာ အောင်စေ = အေးစေ = ၁ ၃ ကို ကက်ကင်း ရိုက်သွားတယ် ထင်ပါတယ်။


လှိမ့်ဝင် ဆိုတာကတော့ဗျာ လှိမ့်ဝင် = ၄ ၄ = ရွှေလာ = လူလာ = လိုရာ = ရလာ ဓါတ်ပေါ့ … လှိမ့်ဝင် ပြီးတော့ ဘာလုပ်မလဲ ဆိုတော့ တည်သုံးလေးတစ်ရုပ် လုပ်သွားပါတယ်။ လှိမ့်ဝင်လာတဲ့ ဟာတွေကို ဘုရားတည်။ ကျောင်းတည်။ ဇရပ်တည်။သာသနာ တည်နိုင်တဲ့အထိ သုံးနိုင်ဖို့ လောကီဝိဇ္ဇာ အဘများက စီရင်သွားခဲ့တဲ့ ဓါတ်အရုပ်လေးတွေပါ။

“ဘယ်လို သုံးမလဲ ၊ ဘယ်လို ဆောင်မလဲ”

သနချေရပါတယ်။ အညံ့ ခြေရပါတယ်။ကိုယ့်စီးပွားအတွက် အထွဋ်အမြတ်ဆောင်မည့် ပစ္စည်းဟာ ကားနဲ့သယ်လာရင် အမျိုးသား အမျိုးသမီး ကလေးလူကြီး ကျော်ခွသွားတာမျိုး၊ ကားထိုင်ခုံအောက်ထဲ ထည့် သယ်လာတာမျိုးတွေ ရှိတတ်ပါတယ်။

အဲဒီလို အညံ့ဓါတ်တွေ ကင်းဖို့ ဆားရည် (ရေ ၁ ဂါလံကို ဆား၂ ဇွန်းထည့်ပြီး) ကို ဇလုံထဲထည့်ပြီး လက်ဆယ်ချောင်းက ဆေးဖြစ်စေဆိုပြီး ၃ ခါပြောပြီး လက်နှစ်ဖက်ကို ဇလုံထဲထည့်ပြီး သနပ်ခါးသွေးသလို လက်ယာရစ်မွှေပြီး

ပါးစပ်မှလည်း ““ ဥုမ် သန သန သန အပေါင်း ထောင်သောင်း ကြေစရာ ကြေ ”” ဆိုပြီး ၃၇ ခေါက် ရွတ်ပြီးမှ အဲဒီအရုပ် များကို ၎င်းရေနဲ့ ဆေးပါ။ ပြီးမှ ၎င်းအရုပ်များကို ရေမွှေး (နဝင်းရေ) ရည်နဲ့ ပက်ဖြန်းပြီးမှာ အိမ်ဘက်သို့ အိုးလှိမ့် ဝင်နေတဲ့ ပုံ အိုးကို အိမ်ဘက်အတွင်းသို့ ထားပြီးအိမ်ရှေ့မှာ ထားလိုက်ပါ။

တည်သုံး အိုးလေးကိုတော့ အလုပ်စားပွဲ၊အိပ်ခန်းစားပွဲ၊ အိမ်ထဲမှာ ထားထားလိုက် ထူးထူးခြားခြား အဆင်ပြေလာတာကို တွေ့ရပါလိမ့်မယ် ခင်ဗျာ။

လှိမ့်ဝင်အိုးကို အိမ်အပြင်ကနေ အိမ်ထဲဖက်ကို လှည့်ထားရပါမယ်။ ဖြစ်နိုင်ရင်အိမ်အဝင် အမြင့်တနေရာမှာ ထားပါ။

တည်အိုးကို မိမိအိမ်ထဲမှ – ဂဟပတိအရပ်သို့ လှည့်ထားပေးပါ။ ဂဟပတိအရပ်ဟူသည်

တနင်္ဂနွေ (သား-သမီး အတွက်) အနောက်တောင် အရပ်ဟူ၍ မှတ်ပါလေ။

တနင်္လာ (သား-သမီး အတွက်) အနောက်စူးစူး အရပ်ဟူ၍ မှတ်ပါလေ။

အင်္ဂါ(သား-သမီး အတွက်) အနောက်မြောက် အရပ်ဟူ၍ မှတ်ပါလေ။

ဗုဒ္ဓဟူး (သား-သမီး အတွက်) -မြောက်အရပ် ဟူ၍ မှတ်ပါလေ။

ရာဟု – (သား-သမီး အတွက်) အရှေ့တောင် အရပ်ဟူ၍ မှတ်ပါလေ။

ကြာသပတေး – (သား-သမီး အတွက်) အရှေ့စူးစူး အရပ်ဟူ၍ မှတ်ပါလေ။

သောကြာ (သား-သမီး အတွက်) တောင်အရပ် ဟူ၍ မှတ်ပါလေ။

စနေ -(သား-သမီး အတွက်) အရှေ့မြောက် အရပ်ဟူ၍ မှတ်ပါလေ။

(လှိမ့်ဝင် = တည်သုံး) အိုးနှစ်လုံးကို မိမိမွေးနေ့မနက် ၆နာရီကနေ ၇ နာရီခွဲအတွင်း စတင်ပြီး ထားပါ။ နေ့စဉ် ရှင်သီဝလိ ၁၀ ဂါထာ ရွတ်ပေးပါ။ (နေ့စဉ် ရွတ်ဆိုပါရန်) လှိမ့်ဝင်အိုးမှာကော တည်သုံးအိုးမှာပါ ငွေ ၃၆၀၀ ကျပ်စီ ထည့်ပေးထားပါ။ သိသိသာသာ ငွေဝင်လာပါလိမ့်မည်။

ချေးထားပြီး ပြန်မရသော ငွေများ အရူံးပေါ်နေသော လုပ်ငန်းများ ငွေကြေးကိစ္စနဲ့ ပတ်သက်သော လုပ်ငန်းကိစ္စ မှန်သမျှ သိသိသာသာ အဆင်ပြေလာပါလိမ့်မည်။ ငွေကံပွင့်လာပါက မကြာခဏ ဒါနပြုပါ။ ပံ့သကူ ဒါနပစ်ပါ။ ငွေအိုးကြီး လှိမ့်ယူလာပြီ ရွှေတွေ တည်သုံးမည်။

လူမဝင်သောဆိုင်များ တည်းခိုခန်းများ ဟိုတယ်များ လူများ လှိမ့်ဝင်လာပါလိမ့်မယ်။ အရောင်းအဝယ် လုပ်ငန်းများ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါလိမ့်မည်။ တစ်ပတ်လောက် လှိမ့်ဝင်နေပြီး နောက်ပိုင်း နည်းနည်းပါးသွားတာမျိုး ဖြစ်ခဲ့ရင်တော့ လှိမ့်ဝင်အရုပ်ကလေးကို မျက်နှာသစ်ပေးလိုက်ပါ။

ပြီးတော့ ရေမွှေးလေး ဖြန်ပေးလိုက်ပါ။ ပြီးတော့ ““ လာထား လာထား ”” ဆိုပြီး လက်ခုပ်တီးပြီး ပြောလိုက်ပါ။ ဝင်လာပါလိမ့်မယ်ဗျာ … ပထမဆုံးဝင်သော ငွေမှအနည်းအကျင်းကို ဘုရား လှူလိုက်ပါ။ ပြီးမှ ကျန်တဲ့ပိုက်ဆံကို သုံးပါလေ။

ပထမဆုံးဝင်တဲ့ ပိုက်ဆံကို အနိဌ ပစ္စည်းတွေ ဝယ်မသုံးလိုက်ပါနဲ့ ။ နောက်ပြီး လာဘ်တိတ်စေတဲ့ အကြောင်းတရားတွေကို ရှောင်ပေးရပါတယ်။ အရင်က ရေးခဲ့ဖူးပါတယ်။ အခု ပြန်ရေးပြလိုက်ရပါတယ်ဗျာ။

Zawgyi

ေငြေတြ ဝင္လာမစဲတဲ့ “လွိမ့္ဝင္ တည္သုံး အိုးႏွစ္လုံး ” အေဆာင္အေၾကာင္း ႏွင့္ အသုံးျပဳနည္း

တစ္နိုင္ငံလုံး စိတ္ဝင္စားေနၾကတဲ့ လွိမ့္ဝင္တည္သုံး ယၾတာက ကၽြန္ေတာ္ စခဲ့တဲ့ဇာတ္လမ္းပါ။ အျဖစ္က ဒီလိုပါ။

မိတ္ေဆြတစ္ေယာက္နဲ႔ ၂ ႏွစ္ခြဲေနမွ ျပန္ေတြ႕ေတာ့ သူ႔မိသားစုက ေတာ္ေတာ္ေလး အဆင္ေျပေနၿပီး အရင္ ထရံအိမ္ေလး ေနရာမွာ အာစီ(RC) တစ္ထပ္တိုက္ႀကီးနဲ႔ေပါ့။ အရမ္းကို အဆင္ေျပၿပီး ေနာက္ထပ္ တိုက္တစ္လုံးေတာင္ ေဆာက္ေနတယ္လို႔ ေျပာပါတယ္။

သူ႔လုပ္ငန္းက တအား လွိမ့္ဝင္သြားတာကို။ အဲ့ သူ႔အိမ္ေရွ႕ အဝင္ဝမွာ လွိမ့္ဝင္စဉ့္အ႐ုပ္ေလးကို အိမ္ဘက္လွိမ့္ဝင္ေနတဲ့ပုံ ခ်ိတ္ထားတာ ေတြ႕ရပါတယ္။

အိမ္ဧည့္ခန္းမွာေတာ့ စဉ့္အိုးေလး တည္ေနတဲ့ပုံကို တင္ထားတာ ေတြ႕ရပါတယ္။ေမးၾကည့္ေတာ့ လွိမ့္ ဝင္ တည္ သုံးေလတဲ့။ စီးပြားျဖစ္တယ္။ လုပ္ငန္းေကာင္းတယ္တဲ့ဗ်ာ။ ကၽြန္ေတာ္တို႔ ၿမိဳ႕မွာထမင္းဆိုင္တစ္ဆိုင္ ရွိတယ္။ အရမ္းကိုေရာင္းရတယ္။ အလႉေပးေနသလိုကို ေရာင္းရတာ။

သူတို႔အိမ္မွာလည္း အိမ္ေရွ႕သံတံခါးအုတ္ခုံမွာ အဲဒီ လွိမ့္ဝင္အ႐ုပ္ေလး အိမ္ဘက္ကို လွိမ့္ဝင္ေနတဲ့ ပုံေလး တင္ထားတာ ေတြ႕ရပါတယ္။ သူ႔ထမင္းဆိုင္ကေတာ့ လူေတြ လွိမ့္ဝင္ေနေတာ့တာပါပဲဗ်ာ။ အဲဒါနဲ႔ လူမဝင္ လုပ္ငန္းမေကာင္းတဲ့သူနဲ႔ အေႂကြးတင္ေနတဲ့ မိတ္ေဆြတစ္ေယာက္ ႏွစ္ေယာက္ကို အဲဒီ အ႐ုပ္ေလးႏွစ္ခုကို ထားဖို႔ ေျပာလိုက္တာ။

သူတို႔လည္း ေက်ာက္ဆည္ တေပါင္းပြဲနဲ႔ၾကဳံေတာ့ စဉ့္ကူးက စဥ္အိုးသည္ေတြ လာတာနဲ႔ အဲဒီအ႐ုပ္ေလးကို တစ္႐ုပ္ကို အိမ္ေရွမွာထားၿပီး တစ္႐ုပ္ကို အိမ္ထဲမွာ ထားဖို႔ ေျပာလိုက္တာအဲဒီ ၃ ေယာက္ဟာ ၆ လအတြင္း လုံး ဝမဆပ္နိုင္ေတာ့ဘူးလို႔ ထင္ထားတဲ့ အေႂကြးေတြ ေၾကၿပီး အဆင္ေျပသူေတြ ျဖစ္ေနပါၿပီဗ်ာ။

”လွိမ့္ဝင္ တည္သုံး” စဉ့္အိုးေလးေတြ ဘယ္လို ဓာတ္ဆင္ရတာပါလဲ”

အဲဒီ လွိမ့္ဝင္တည္သုံး အ႐ုပ္ေလးေတြကဟို အရင္ ေလာကီပညာရွင္ (ဆန္းပညာရွင္) ေတြ လုပ္သြားခဲ့တာပါ။ ပညတ္သြားရာ ဓါတ္သက္ပါဆိုသလို လူအမ်ားသုံးစကား လွိမ့္ဝင္ဆိုတာကို ယူၿပီး လွိမ့္ဝင္ေနတဲ့ အ႐ုပ္ကေလးေတြကို စီရင္ေပးသြားတာပါ။

အဲဒီမွာ စဉ့္အိုးေလးကို လွိမ့္ဝင္ေနတဲ့ ေကာင္ေလး (၂၄) ပုံေလးပါ ။ စဉ့္အိုးကိုဘာလို႔ သုံးလဲ။ တစ္ျခားဟာ တစ္ခုခုကိုလည္း လွိမ့္ဝင္လို႔ ရတာပဲလို႔ ေတြးမိေတာ့ … စဉ့္အိုး = ၃ ၁ ဆိုတာ ေအာင္ေစ = ေအးေစ = ၁ ၃ ကို ကက္ကင္း ရိုက္သြားတယ္ ထင္ပါတယ္။

လွိမ့္ဝင္ ဆိုတာကေတာ့ဗ်ာ လွိမ့္ဝင္ = ၄ ၄ = ေရႊလာ = လူလာ = လိုရာ = ရလာ ဓါတ္ေပါ့ … လွိမ့္ဝင္ ၿပီးေတာ့ ဘာလုပ္မလဲ ဆိုေတာ့ တည္သုံးေလးတစ္႐ုပ္ လုပ္သြားပါတယ္။ လွိမ့္ဝင္လာတဲ့ ဟာေတြကို ဘုရားတည္။ ေက်ာင္းတည္။ ဇရပ္တည္။သာသနာ တည္နိုင္တဲ့အထိ သုံးနိုင္ဖို႔ ေလာကီဝိဇၨာ အဘမ်ားက စီရင္သြားခဲ့တဲ့ ဓါတ္အ႐ုပ္ေလးေတြပါ။

“ဘယ္လို သုံးမလဲ ၊ ဘယ္လို ေဆာင္မလဲ”

သနေခ်ရပါတယ္။ အညံ့ ေျခရပါတယ္။ကိုယ့္စီးပြားအတြက္ အထြဋ္အျမတ္ေဆာင္မည့္ ပစၥည္းဟာ ကားနဲ႔သယ္လာရင္ အမ်ိဳးသား အမ်ိဳးသမီး ကေလးလူႀကီး ေက်ာ္ခြသြားတာမ်ိဳး၊ ကားထိုင္ခုံေအာက္ထဲ ထည့္ သယ္လာတာမ်ိဳးေတြ ရွိတတ္ပါတယ္။

အဲဒီလို အညံ့ဓါတ္ေတြ ကင္းဖို႔ ဆားရည္ (ေရ ၁ ဂါလံကို ဆား၂ ဇြန္းထည့္ၿပီး) ကို ဇလုံထဲထည့္ၿပီး လက္ဆယ္ေခ်ာင္းက ေဆးျဖစ္ေစဆိုၿပီး ၃ ခါေျပာၿပီး လက္ႏွစ္ဖက္ကို ဇလုံထဲထည့္ၿပီး သနပ္ခါးေသြးသလို လက္ယာရစ္ေမႊၿပီး

ပါးစပ္မွလည္း ““ ဥဳမ္ သန သန သန အေပါင္း ေထာင္ေသာင္း ေၾကစရာ ေၾက ”” ဆိုၿပီး ၃၇ ေခါက္ ရြတ္ၿပီးမွ အဲဒီအ႐ုပ္ မ်ားကို ၎ေရနဲ႔ ေဆးပါ။ ၿပီးမွ ၎အ႐ုပ္မ်ားကို ေရေမႊး (နဝင္းေရ) ရည္နဲ႔ ပက္ျဖန္းၿပီးမွာ အိမ္ဘက္သို႔ အိုးလွိမ့္ ဝင္ေနတဲ့ ပုံ အိုးကို အိမ္ဘက္အတြင္းသို႔ ထားၿပီးအိမ္ေရွ႕မွာ ထားလိုက္ပါ။

တည္သုံး အိုးေလးကိုေတာ့ အလုပ္စားပြဲ၊အိပ္ခန္းစားပြဲ၊ အိမ္ထဲမွာ ထားထားလိုက္ ထူးထူးျခားျခား အဆင္ေျပလာတာကို ေတြ႕ရပါလိမ့္မယ္ ခင္ဗ်ာ။

လွိမ့္ဝင္အိုးကို အိမ္အျပင္ကေန အိမ္ထဲဖက္ကို လွည့္ထားရပါမယ္။ ျဖစ္နိုင္ရင္အိမ္အဝင္ အျမင့္တေနရာမွာ ထားပါ။

တည္အိုးကို မိမိအိမ္ထဲမွ – ဂဟပတိအရပ္သို႔ လွည့္ထားေပးပါ။ ဂဟပတိအရပ္ဟူသည္

တနဂၤေႏြ (သား-သမီး အတြက္) အေနာက္ေတာင္ အရပ္ဟူ၍ မွတ္ပါေလ။

တနလၤာ (သား-သမီး အတြက္) အေနာက္စူးစူး အရပ္ဟူ၍ မွတ္ပါေလ။

အဂၤါ(သား-သမီး အတြက္) အေနာက္ေျမာက္ အရပ္ဟူ၍ မွတ္ပါေလ။

ဗုဒၶဟူး (သား-သမီး အတြက္) -ေျမာက္အရပ္ ဟူ၍ မွတ္ပါေလ။

ရာဟု – (သား-သမီး အတြက္) အေရွ႕ေတာင္ အရပ္ဟူ၍ မွတ္ပါေလ။

ၾကာသပေတး – (သား-သမီး အတြက္) အေရွ႕စူးစူး အရပ္ဟူ၍ မွတ္ပါေလ။

ေသာၾကာ (သား-သမီး အတြက္) ေတာင္အရပ္ ဟူ၍ မွတ္ပါေလ။

စေန -(သား-သမီး အတြက္) အေရွ႕ေျမာက္ အရပ္ဟူ၍ မွတ္ပါေလ။

(လွိမ့္ဝင္ = တည္သုံး) အိုးႏွစ္လုံးကို မိမိေမြးေန႔မနက္ ၆နာရီကေန ၇ နာရီခြဲအတြင္း စတင္ၿပီး ထားပါ။ ေန႔စဥ္ ရွင္သီဝလိ ၁၀ ဂါထာ ရြတ္ေပးပါ။ (ေန႔စဥ္ ရြတ္ဆိုပါရန္) လွိမ့္ဝင္အိုးမွာေကာ တည္သုံးအိုးမွာပါ ေငြ ၃၆၀၀ က်ပ္စီ ထည့္ေပးထားပါ။ သိသိသာသာ ေငြဝင္လာပါလိမ့္မည္။

ေခ်းထားၿပီး ျပန္မရေသာ ေငြမ်ား အ႐ူံးေပၚေနေသာ လုပ္ငန္းမ်ား ေငြေၾကးကိစၥနဲ႔ ပတ္သက္ေသာ လုပ္ငန္းကိစၥ မွန္သမၽွ သိသိသာသာ အဆင္ေျပလာပါလိမ့္မည္။ ေငြကံပြင့္လာပါက မၾကာခဏ ဒါနျပဳပါ။ ပံ့သကူ ဒါနပစ္ပါ။ ေငြအိုးႀကီး လွိမ့္ယူလာၿပီ ေရႊေတြ တည္သုံးမည္။

လူမဝင္ေသာဆိုင္မ်ား တည္းခိုခန္းမ်ား ဟိုတယ္မ်ား လူမ်ား လွိမ့္ဝင္လာပါလိမ့္မယ္။ အေရာင္းအဝယ္ လုပ္ငန္းမ်ား သိသိသာသာ တိုးတက္လာတာကို ေတြ႕ရပါလိမ့္မည္။ တစ္ပတ္ေလာက္ လွိမ့္ဝင္ေနၿပီး ေနာက္ပိုင္း နည္းနည္းပါးသြားတာမ်ိဳး ျဖစ္ခဲ့ရင္ေတာ့ လွိမ့္ဝင္အ႐ုပ္ကေလးကို မ်က္ႏွာသစ္ေပးလိုက္ပါ။

ၿပီးေတာ့ ေရေမႊးေလး ျဖန္ေပးလိုက္ပါ။ ၿပီးေတာ့ ““ လာထား လာထား ”” ဆိုၿပီး လက္ခုပ္တီးၿပီး ေျပာလိုက္ပါ။ ဝင္လာပါလိမ့္မယ္ဗ်ာ … ပထမဆုံးဝင္ေသာ ေငြမွအနည္းအက်င္းကို ဘုရား လႉလိုက္ပါ။ ၿပီးမွ က်န္တဲ့ပိုက္ဆံကို သုံးပါေလ။

ပထမဆုံးဝင္တဲ့ ပိုက္ဆံကို အနိဌ ပစၥည္းေတြ ဝယ္မသုံးလိုက္ပါနဲ႔ ။ ေနာက္ၿပီး လာဘ္တိတ္ေစတဲ့ အေၾကာင္းတရားေတြကို ေရွာင္ေပးရပါတယ္။ အရင္က ေရးခဲ့ဖူးပါတယ္။ အခု ျပန္ေရးျပလိုက္ရပါတယ္ဗ်ာ။

Leave a Reply

Your email address will not be published. Required fields are marked *