မိသားစုက ငွေကြေးမတတ်နိုင်လို့ ငှက်ပျောသီး 3 လုံးထဲနဲ့ ဖယောင်းတိုင်လေးထွန်းပြီး

မိသားစုက ငွေကြေးမတတ်နိုင်လို့ ငှက်ပျောသီး 3 လုံးထဲနဲ့ ဖယောင်းတိုင်လေးထွန်းပြီး မွေးနေ့ပွဲကျင်းပခဲ့တဲ့ ကလေးငယ်

ကလေးငယ်တွေအတော်များများကလက်ရှိပျော်ရွှင်မှုကိုသာအလေးထားပြီးတင်းတိမ်ရောင့်ရဲတတ်ကြပါတယ် ။ဒီတစ်ခေါက်ဖော်ပြမဲ့ကလေးငယ်ဟာဆိုရင်လည်း


မိဘတွေကငွေကြေးလုံးဝမတတ်နိုင်တဲ့အဆုံး ၊ကလေးငယ်ရဲ့မွေးနေ့အတွက်ထမင်းပေါင်းအိုးကိုမှောက်ပြီး ငှက်ပျောသီး 3 လုံးတင်ထားကာ ဖယောင်းတိုင်လေး ထွန်းပြီး မွေးနေ့ပွဲကျင်းပပေးခဲ့ပါတယ် ။

ကလေးငယ်ကတော့ ပျေည်ပျော်ရွှင်ရွှင်နဲ့ သီချင်းသီဆိုနေခဲ့တာပါ ။ ကလေးငယ်ရဲ့ မိဘတွေကအဆိုပါ video ကို ဝေမျှခဲ့ပြီး‘ကျွန်တော့်ရဲ့ 3 နှစ်သားအရွယ်သမီးလေးအတွက် ဆုတောင်းပေးကြပါအုံး ၊


ဒါက သူမရဲ့မွေးနေ့ပါ ၊ ကျွန်တော်ဆက်ပြီး အလုပ်မလုပ်ရလို့ပါ ‘ ဆိုတဲ့ စာသားလေးကိုပါ ရေးသားခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်လေးက မလေးရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေတွေကြောင့် မိဘတွေအလုပ်ရပ်နားထားရတာပဲ ဖြစ်ပါတယ် ။


မိဘတွေအနားမှာရှိနေလို့ ကလေးငယ်ရဲ့မျက်နှာလေးဟာ အတော်လေးတောက်ပနေပြီး ပြုံးပြုံးရွှင်ရွှင်သီချင်းသီဆိုနေတဲ့ပုံစံကိုကြည့်ခြင်းအားဖြင့် ချစ်ခြင်းမေတ္တာအပြည့်အဝခံစားရတဲ့ ကလေးငယ်လေးဖြစ်မှန်း သိသာလွန်းလှပါတယ် ။

Zawgyi


မိသားစုက ငွေကြေးမတတ်နိုင်လို့ ငှက်ပျောသီး 3 လုံးထဲနဲ့ ဖယောင်းတိုင်လေးထွန်းပြီး မွေးနေ့ပွဲကျင်းပခဲ့တဲ့ ကလေးငယ်

ကလေးငယ်တွေအတော်များများက လက်ရှိပျော်ရွှင်မှုကိုသာ အလေးထားပြီး တင်းတိမ်ရောင့်ရဲတတ်ကြပါတယ် ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ကလေးငယ်ဟာဆိုရင်လည်း မိဘတွေက ငွေကြေးလုံးဝမတတ်နိုင်တဲ့အဆုံး ၊ ကလေးငယ်ရဲ့ မွေးနေ့အတွက် ထမင်းပေါင်းအိုးကိုမှောက်ပြီး ငှက်ပျောသီး 3 လုံး တင်ထားကာ ဖယောင်းတိုင်လေး ထွန်းပြီး မွေးနေ့ပွဲကျင်းပပေးခဲ့ပါတယ် ။


ကလေးငယ်ကတော့ ပျေည်ပျော်ရွှင်ရွှင်နဲ့ သီချင်းသီဆိုနေခဲ့တာပါ ။ ကလေးငယ်ရဲ့ မိဘတွေက အဆိုပါ video ကို ဝေမျှခဲ့ပြီး ‘ ကျွန်တော့်ရဲ့ 3 နှစ်သားအရွယ်သမီးလေးအတွက် ဆုတောင်းပေးကြပါအုံး ၊ ဒါက သူမရဲ့မွေးနေ့ပါ ၊ ကျွန်တော်ဆက်ပြီး အလုပ်မလုပ်ရလို့ပါ ‘ ဆိုတဲ့ စာသားလေးကိုပါ ရေးသားခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်လေးက မလေးရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေတွေကြောင့် မိဘတွေအလုပ်ရပ်နားထားရတာပဲ ဖြစ်ပါတယ် ။

မိဘတွေအနားမှာရှိနေလို့ ကလေးငယ်ရဲ့မျက်နှာလေးဟာ အတော်လေးတောက်ပနေပြီး ပြုံးပြုံးရွှင်ရွှင်သီချင်းသီဆိုနေတဲ့ပုံစံကိုကြည့်ခြင်းအားဖြင့် ချစ်ခြင်းမေတ္တာအပြည့်အဝခံစားရတဲ့ ကလေးငယ်လေးဖြစ်မှန်း သိသာလွန်းလှပါတယ် ။

crd

 

Leave a Reply

Your email address will not be published. Required fields are marked *